Pages

Pages

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့နယ်အတွင်း ကျောင်းသား/ ကျောင်း သူများ ကျောင်းအပ်နှံခြင်းဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုအားပေး





MNP ၊  မေ ၂၈

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုး‌ဆွေဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးတို့နှင့် အတူ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် မေလ ၂၈ ရက် နံနက်ပိုင်းက ပဲခူးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား/ကျောင်းသူများ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံခြင်း လက်ခံဆောင်ရွက်ပေးနေမှုများအား လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။


ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုး‌ဆွေဝင်းနှင့် တာဝန်ရှိသူများအဖွဲ့သည် ပဲခူး မြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်လက်ခံခြင်းဆောင်ရွက်ပေးနေမှုများအား ကြည့်ရှုအားပေးကာ ကျောင်းသား၊ ကျောင်းသူများအတွက် စာရေးကိရိယာများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


သတင်း - သက်ဖြိုးကြိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment