ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် မကွေးတိုင်းဒေသကြီးအတွင်းရှိ လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာလုပ်ငန်းများ ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများအား ထောက်ပံ့ငွေများပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် မကွေးတိုင်းဒေသကြီးအတွင်းရှိ လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာလုပ်ငန်းများ ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများအား ထောက်ပံ့ငွေများပေးအပ်





MNP ၊ မေ ၂၂

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အတူ ယမန်နေ့တွင် ရေနံဓာတုဗေဒစက်ရုံစု (သံပရာကန်)၊ ထောက်ရှာပင်/ ကမ်းနီရေနံမြေနှင့် မန်းရေနံမြေ အခြေအနေတို့ကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း ကြီးကြပ်မှုအောက်ရှိ ရေနံဓာတုဗေဒစက်ရုံစု (သံပရာကန်)သို့ လည်းကောင်း၊ ရေနံဓာတုဗေဒစက်ရုံစု (သံပရာကန်)အတွက် လိုအပ်သော ရေနံစိမ်းနှင့် သဘာဝဓာတ်ငွေ့များ ထုတ်လုပ်ပေးနေသည့် ထောက်ရှာပင်၊ ကမ်းနီရေနံမြေရှိ ရေနံမြေမှထွက်ရှိသည့် ရေနံစိမ်းများ လက်ခံသိုလှောင်ထားသော သံကန်တန်းများကို လည်းကောင်း၊ တွင်းပြုပြင်ရေးလုပ်ငန်း ဆောင်ရွက်နေမှု အဆင့်ဆင့်တို့ကို လည်းကောင်း ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် မန်းရေနံမြေ အစည်းဝေးခန်းမ၌ ထောက်ရှာပင်၊ ကမ်းနီနှင့် မန်းရေနံမြေတို့မှ ဝန်ထမ်းများ၊ မကွေးတိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာရုံးတို့မှ ဝန်ထမ်းများနှင့်တွေ့ဆုံရာ ရေနံမြေ အထွေထွေမန်နေဂျာများနှင့် တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာတို့က ရေနံမြေများနှင့် စီမံကိန်းများအလိုက် လက်ရှိဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အတွက် လိုအပ်သော စက်သုံးဆီနှင့် သဘာဝဓာတ်ငွေ့ မပြတ်တောက်စေရေးနှင့် လျှပ်စစ်ဓာတ်အား ပြည့်မီအောင် ဖြန့်ဖြူးပေးနိုင်ရေးတို့သည် မိမိတို့ဝန်ကြီးဌာနများ၏ အရေးကြီး လုပ်ငန်းတာဝန်တစ်ရပ် ဖြစ်ပါကြောင်း၊ ရေနံဓာတုဗေဒစက်ရုံစု (သံပရာကန်)အနေဖြင့် စက်ရုံ၏ အဓိကထုတ်ကုန်များဖြစ်သော လေယာဉ်ဆီ၊ ဓာတ်ဆီ၊ မီးထိုးဆီ၊ ရေနံမီးသွေးနှင့် ရေနံဓာတ်ငွေ့ရည်တို့ကို ထုတ်လုပ်ပေးလျက်ရှိပြီး စက်ရုံပုံမှန်လည်ပတ်ရေးနှင့် ကုန်ထုတ်လုပ်မှုတိုးတက်ရေး အစဉ်တစိုက် ကြိုးပမ်းဆောင်ကြရန် လိုအပ်ကြောင်း၊ ရေနံမြေများအနေဖြင့် နိုင်ငံတော်အတွက် လိုအပ်သည့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရေးနှင့် စက်မှုကဏ္ဍ ဖွံ့ဖြိုးရေးတို့အတွက် လိုအပ်သော ရေနံနှင့် သဘာဝဓာတ်ငွေ့ ပြည့်မီအောင် ဖြည့်ဆည်းပေးနိုင်ရန် နည်းလမ်းပေါင်းစုံဖြင့် ရှာဖွေတူးဖော် ထုတ်လုပ်သွားရန်ဖြစ်ကြောင်း ပြောကြားပြီး ရေနံမြေ လုံခြုံရေးနှင့် လိုအပ်သည့် လုံခြုံရေးကို ရေနံမြေလုံခြုံရေး ရဲတပ်ဖွဲ့မှူးနှင့် ဌာနမှ လုံခြုံရေးဝန်ထမ်း တိုးချဲ့ခန့်ထားမှုများအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် ရေနံဓာတုဗေဒစက်ရုံစု (သံပရာကန်)၊ ရေနံမြေများမှ ဝန်ထမ်းများကို သစ်သီးခြင်းနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)