ပေါင်မြို့နယ် အလှပ်ကျေးရွာတွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများအတွက် ပြင်ဆင်ဆောင်ရွက်ထား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ် အလှပ်ကျေးရွာတွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများအတွက် ပြင်ဆင်ဆောင်ရွက်ထား






MNP ၊ မေ ၁၉

မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပင်လယ်ကမ်းစပ်ကျေးရွာဖြစ်သည့် အလှပ်ကျေးရွာတွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနင့် ကယ်ဆယ်ရေးလုပ်ငန်းများအတွက် ပြင်ဆင်ဆောင်ရွက်ထားလျက်ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။


ထူးကဲဒီရေတက်ချိန်ရောက်တိုင်း အမြင့် ၅ ပေနီးပါးရှိသော ဒီရေလှိုင်းရိုတ်ခတ်မှုကြောင့် အလှပ်ကျေးရွာအုပ်စု ပင်လယ်ကမ်းစပ်အနီးရှိ နေအိမ်အများစုပြိုကျပျက်စီးခြင်းများဖြစ်ပွားသည့်အပြင် ကျေးရွာအတွင်းထိ ရေများဝင်ရောက်လေ့ရှိသဖြင့် ဒေသခံပြည်သူများမှ သဘာဝဘေးဒဏ်ကို နှစ်စဉ်ကြုံတွေ့ခဲ့ရသည်။


ဒါကြောင့် ပေါင်မြို့နယ်စီမံကောင်စီဥက္ကဌ ဦးသိုက်ထွန်းနှင့် တာဝန်ရှိသူများမှ အလှပ်ကျေးရွာ ၌ သဘာဝဘေးများ မဖြစ်ပွားခင် ကြိုတင်ပြင်ဆင်ထားရှိမှုများနှင့် သဘာဝဘေးကျရောက်လာပါက ထိခိုက်ပျက်စီးဆုံးရှုံးမရှိစေရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။


လက်ရှိ အလှပ်ကျေးရွာရှိ ဒေသခံပြည်သူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးခြင်းလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့်ဆောင် ရွက်နေသည့်အပြင် သဘာဝဘေးကျရောက်လာပါက ဒေသခံပြည်သူများ တိမ်းရှောင်နိုင်မည့် စုရပ်နေရာ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊ ကလေးများ၊ သက်ကြီးရွယ်အိုများအတွက် အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုနေရာများ၊ ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ သောက်ရေနှင့် စားစရာများ အစရှိသည်တို့ကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိကြောင်း သိရသည်။


အလှပ်ကျေးရွာသည် မုတ္တမပင်လယ်ကွေ့ကမ်းစပ်ကျေးရွာတစ်ခုဖြစ်ပြီး အိမ်ခြေ ၂၀၀၀ ကျော်နှင့် လူဦးရေတစ်သောင်းကျော်ခန့်နေထိုင်ကြပြီး ပင်လယ်ရေမျက်နှာပြင်အထက် ၁၇ ပေ ၃ လက်မ၌ တည်ရှိကြောင်း သိရသည်။


သတင်း - မွန်မလေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)