Pages

Pages

သိန္နီမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာများ ပုံမှန်ထုတ်ပေး





MNP - မေ   ၂၄


ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးခရိုင် သိန္နီမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်စားများ၏ ပင်စင်လစာများကို ယနေ့နံနက် ၇ နာရီအချိန်မှ စတင်၍ ပုံမှန်ထုတ်ပေးလျက်ရှိသည်။


ထိုသို့ ထုတ်ပေးရာတွင် ပင်စင်စားများ၏ ပင်စင်လစာများကို အခက်အခဲမရှိထုတ်ယူနိုင်ရေး ဘဏ်ဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိသည်။ သိန္နီမြို့ မြန်မာ့စီးပွားရေးဘဏ်ရှိ ဝန်ထမ်းများအနေဖြင့်  ပင်စင်စားများ၏ ပင်စင်လစာများ အချိန်မီထုတ်ယူနိုင်ရေးအတွက် ဘဏ်တွင် ကြော်ငြာများကပ်ထားခြင်း၊ အခက်အခဲတစ်စုံတစ်ရာရှိပါက ဆက်သွယ်နိုင်မည့်နည်းလမ်းများကို ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိသည်။ သိန္နီမြို့နယ်တွင် ပင်စင်စားဦးရေ (၆၀၀)ကျော်ရှိရာ လစဉ်ပင်စင်စားဦးရေ(၅၀၀)ကျော် လာရောက်ထုတ်ယူလျက်ရှိသည်။ ကျန်ရှိသည့် (၁၀၀)ကျော်မှာ လစဉ်ထုတ်ယူခြင်းမျိုးမဟုတ်ပဲ နှစ်လတစ်ကြိမ်၊ သုံးလတစ်ကြိမ် ထုတ်ယူခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာဒေါ်ချိုချိုဝင်းထံမှ သိရသည်။


သတင်း - စောဥမ္မာ 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment