ရသေ့တောင်မြို့တွင် ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ မြို့နယ်ဆင့်ပွားသင်တန်း ဖွင့်လှစ်ပို့ချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင်မြို့တွင် ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ မြို့နယ်ဆင့်ပွားသင်တန်း ဖွင့်လှစ်ပို့ချ





MNP ၊ မေ ၂၉ 

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ရ‌သေ့တောင်မြို့၌ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ မြို့နယ်ဆင့်ပွားသင်တန်းကို ယနေ့ နေ့လည် ၁၂ နာရီက မြို့မ အထက(၂) အစည်းအဝေးခန်းမတွင် ဖွင့်လှစ်ပို့ချသည်။ 


အခမ်းအနားတွင် ရသေ့တောင်မြို့နယ်ပညာရေးမှူး ဦးထွန်းရွှေက သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ အဖွင့်အမှာပြောကြားခဲ့သည်။ ယင်းနောက် သင်တန်းကိုဆက်လက်ပို့ချရာ သင်တန်းနည်းပြ ဆရာ (၄)ဦးတို့က ရသေ့တောင်မြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းများမှ ကျောင်းအုပ်ဆရာကြီ၊ဆရာမကြီး (၁၅၆) ဦးတို့အား ပညာရေးစီမံခန့်ခွဲမှု၊ ဘဏ္ဍာရေးရာဘာသာရပ်နှင့် ပညာရေးရာဘာသာရပ် စသည့်ဘာသာရပ်များအား စာတွေ့၊လက်တွေ့ ပို့ချပေးလျက်ရှိသည်။ 


အဆိုပါ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ မြို့နယ် ဆင့်ပွားသင်တန်းကို မေလ ၂၉ ရက်နေ့မှ ၃၀ ရက်နေ့အထိ (၂)ရက်ကြာ ပို့ချပြသသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရှိရသည်။

 

သတင်း - ထွန်းလင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)