Pages

Pages

ထီးချိုင့်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံမှု စတင်လက်ခံ



MNP - မေ   ၂၆


စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်နှံမှုကို ယနေ့နံနက်(၉)နာရီအချိန်က စတင်လက်ခံပေးလျက်ရှိကြောင်း သိရသည်။


ကျောင်းအပ်နှံလာကြသည့် ကျောင်းသား၊ ကျောင်းသူများအား သက်ဆိုင်ရာအတန်းများတွင် စာရင်းပေးသွင်းစေပြီး ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များနှင့် သင်ထောက်ကူပစ္စည်း အစုံအလင်ကို အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။


အဆိုပါ ကျောင်းအပ်နှံခြင်းလုပ်ငန်းများဆောင်ရွက်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လင်း၊ ဗိုလ်မှူးဇော်မျိုးရီ၊ ရဲမှူးပြေဦးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာမများမှ အနီးကပ်ကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


သတင်း - ရဲလင်းထွန်း 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment