မဘိမ်းမြို့၌ မြို့နယ်တွင်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

demo-image

မဘိမ်းမြို့၌ မြို့နယ်တွင်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

53


MNP - မေ   ၃                 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့၌ မြို့နယ်တွင်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟိန်းသူဝင်းက မြို့နယ်အတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်များကင်းရှင်းရေး ပညာပေးလုပ်ငန်းများဆောင်ရွက်သွားရန်၊ ကာကွယ်ဆေးထိုးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆက်လက်ဆောင်ရွက်သွားရန်၊ စာသင်ကျောင်းများ သတ်မှတ်ကာလအတွင်း အချိန်မီပြန်လည်ဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်မှုလုပ်ငန်းများ ဆောင်ရွက်သွားရန်၊ တည်ဆောက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ညှိနှိုင်းဆောင်ရွက်သွားကြရန်၊ ဌာနတွင်းတည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ကော်မတီထံသို့ အချိန်မီညှိနှိုင်းဆောင်ရွက်သွားရန်၊ မြို့နယ်တွင်းမီးလင်းရေးလုပ်ငန်းများ အချိန်မီပြီးစီးရေး ဆက်လက်ဆောင်ရွက်သွားရန်နှင့် စိုက်ပျိုးစရိတ်ချေးငွေများ အချိန်မီပေးဆပ်နိုင်ရေးအတွက် တောင်သူ များနှင့် အချိန်မီချိတ်ဆက်ဆောင်ရွက်သွားရန် ပြောကြားပါသည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်ဗိုလ်မှူးရဲထွဋ်လင်းနှင့် အတွင်းရေးမှူး ရဲမှူးဇာနည်မောင်တို့က မြို့နယ်တွင်းလုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဌာနဆိုင်ရာ နယ်မြေကွင်းဆင်းလုပ်ငန်းများ ဆောင်ရွက်ရန်ရှိပါက သတင်းပို့ဆောင်ရွက်သွားရန်၊ လုံခြုံရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်ကြရန်နှင့် ထူးခြားဖြစ်စဉ် သတင်းများရှိပါက အချိန်မီသတင်းပို့ ဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားပါသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီး အကဲများက  မြို့နယ်တွင်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်ချက်များအား တင်ပြဆွေးနွေးကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက တင်ပြဆွေးနွေးချက်များအပေါ် ပေါင်း စပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်း - မျိုးမင်း 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages