တံတားဦးမြို့နယ်တွင် တောင်သူများ မိုးဦးကာလ စိုက်ပျိုးရေးလုပ်ငန်းများ စတင်လုပ်ကိုင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တံတားဦးမြို့နယ်တွင် တောင်သူများ မိုးဦးကာလ စိုက်ပျိုးရေးလုပ်ငန်းများ စတင်လုပ်ကိုင်



MNP - မေ  ၂၅


ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်တွင် မိုးဦးစတင်ရွာသွန်းသဖြင့် ယမန်နေ့နံနက်ပိုင်းမှစတင်၍ တောင်သူများစိုက်ပျိုးရေးလုပ်ငန်းများ စတင်ဝင်ရောက်လုပ်ကိုင် နေကြပြီဖြစ်ကြောင်း သိရသည်။


အဆိုပါမိုးဦးမိုးဖြင့် တောင်သူများ ဆီထွက်သီးနှံဖြစ်သည့် မြေပဲ၊ နေကြာနှင့် နှမ်း၊ ပဲမျိုးစုံ၊ ရွှေဖရုံ၊ ခဝဲ၊ ပဲစင်းငုံများ၊ စတင်စိုက်ပျိုးလုပ်ကိုင်နေကြပြီဖြစ်သည်။ တောင်သူအများစုများမှာ ယခင်နှစ်ကျန် မျိုးစေ့ချန်ထားရှိသူများရှိသလို ယခုစိုက်ပျိုးရာသီမှ ကာလပေါက်ဈေးဖြင့် ဝယ်ယူစိုက်ပျိုးကြသည်များရှိရာ မျိုးမြေပဲ (၁)တင်းလျှင် ငွေကျပ်(၇)သောင်းခွဲမှ  (၈)သောင်းခွဲအထိ ဝယ်ယူ စိုက်ပျိုးကြရ ကြောင်းသိရသည်။


တောင်သူများမှာ နွားဖြင့်ထွန်ယှဉ်းငှားရမ်းခမှာ တစ်မနက်လျှင်ငွေကျပ်(၁၂၀၀၀)ကျပ်၊ ထွန်စက်ငှားရမ်းခမှာတစ်ဧကလျှင် ငွေကျပ်(၃၀၀၀၀)ပေးရပြီး၊ လုပ်သားငှားရမ်းခမှာ တစ်နေ့လျှင် (၅၀၀၀) ကျပ်ပေးရကြောင်း တောင်သူဦးတင်ခိုင်ထံမှ သိရသည်။


သတင်း - ရဲတင့်


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)