Pages

Pages

ကလောမြို့နယ်၌ စိုက်ပျိုးရေးတောင်သူများအား အသိပညာပေးကွင်းဆင်းဆောင်ရွက်




MNP - မေ  ၂၇


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ပင်မှီကျေးရွာအုပ်စု ညောင်ကျိုးကျေးရွာရှိ စိုက်ပျိုးရေးတောင်သူများအား အသိပညာပေးလုပ်ငန်းကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးမျိုးသိန်းထွန်းက စားသုံးဆီဖူလုံမှုရရှိစေရေးအတွက် နေကြာသီးနှံစိုက်ပျိုးရေးနှင့် အထွက်နှုန်းတိုးတက်ရေးအတွက်လည်းကောင်း၊ ပိုးသတ်ဆေး စနစ်တကျကိုင်တွယ်သုံးစွဲနည်းများနှင့်ကလေးအလုပ်သမားပပျောက်ရေးအကြောင်းတို့ကို အသိပညာပေးဟောပြောခဲ့သည်။ ထို့နောက် စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရှိ ဦးမြင့်နိုင်က စားသုံးသူကာကွယ်ရေးဆိုင်ရာ နည်းဉပဒေများနှင့် ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဦးသန်းထိုက်စိုးက ကျန်းမာရေးဆိုင်ရာ အသိပညာဗဟုသုတများကို ကျေးရွာနေပြည်သူ(၇၀)ဦးခန့်တို့ကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။


သတင်း - ကျော်ဝင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment