သဲကုန်းမြို့၌ (၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြသိန်းတန်စေတီတော်မြတ်ကြီး၌ စုပေါင်း သန့်ရှင်းရေးဆောင်ရွက် - MyanmarNationalPost

.com/img/a/

News Agency

demo-image

သဲကုန်းမြို့၌ (၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြသိန်းတန်စေတီတော်မြတ်ကြီး၌ စုပေါင်း သန့်ရှင်းရေးဆောင်ရွက်

27


MNP -  မေ   ၄

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် ၂၀၂၂ခုနှစ် မေလ ၅ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် တပ်ဖွဲ့ဝင်မိသားစုဝင်များက မြသိန်းတန်စေတီတော် မြတ်ကြီးဝန်းအတွင်း၌ ယနေ့နံနက် ၈ နာရီက စုပေါင်းသန့်ရှင်းရေး ကုသိုလ်ပြုဆောင်ရွက်ခဲ့ကြသည်။

ထို့နောက်(၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အဆိုပါဘုရားဝန်း၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက် ရာတွင် သဲကုန်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးရန်မျိုးအောင်ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များနှင့် မိသားစု စည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ဝင်များ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ကြရာ စေတီရင်ပြင်နှင့်ဘုရားဝန်းအတွင်းရှိ အမှိုက် သရိုက်များ၊ မြက်ပင်၊ ပေါင်ပင်များအား ခုတ်ထွင်ရှင်းလင်းခြင်း တံမြက်စည်းလှဲခြင်း၊  ဘုရားဝန်းအတွင်း / အပြင်များတွင် သန့်ရှင်းရေး ပြုလုပ်ခြင်း အမှိုက်များ ရှင်းလင်းခြင်း၊ ဘုရားရေသပ္ပာယ်ခြင်းများအား စုပေါင်းကုသိုလ်ပြုဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

သတင်း - ဝင့်နန္ဒာဌေး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages