ရေနံချောင်းမြို့၌ ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံရေးသီတင်းပတ် အသိပေးဆိုင်းဘုတ်စိုက်ထူပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရေနံချောင်းမြို့၌ ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံရေးသီတင်းပတ် အသိပေးဆိုင်းဘုတ်စိုက်ထူပွဲ ကျင်းပ



MNP - မေ   ၁၉


ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် အခြေခံပညာဦးစီးဌာန ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင်  “ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ကျောင်းအပ်နှံရေးနေ့သီတင်းပတ် အသိပေးဆိုင်းဘုတ်စိုက်ထူပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ပညာရေးမှူးရုံးရှေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲလင်းအောင်နှင့် မြို့နယ်ပညာရေးမှူး ဦးအေးဝင်းတို့က ကျောင်းအပ်နှံရေးသီးတင်းပတ် ဆိုင်းဘုတ်အား အမွှေးနံ့သာရည်များ ပက်ဖျန်းဖွင့်လှစ်ပေးပြီး တက်ရောက်လာသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာ ဆရာမများ၊ ရပ်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းအဖွဲ့များက ဝိုင်းဝန်းစိုက်ထူခဲ့ကြသည်။


အခြေခံပညာဦးစီးဌာန ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့သီတင်းပတ်ကို အခြေခံပညာကျောင်းများအားလုံးတွင် ယခုလ မေ ၂၆ ရက်နေ့မှ ဇွန် ၁ ရက်နေ့အထိ သတ်မှတ်ထားကြောင်းသိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)