သားအိမ်ခေါင်းကင်ဆာဆိုင်ရာ ကျန်းမာရေးအသိပညာပေး ဟောပြောပွဲစစ်တွေမြို့၌ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သားအိမ်ခေါင်းကင်ဆာဆိုင်ရာ ကျန်းမာရေးအသိပညာပေး ဟောပြောပွဲစစ်တွေမြို့၌ ကျင်းပ


MNP - မေ   ၂၆


ရခိုင်ပြည်နယ် မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နှင့် ပြည်နယ်အမျိုးသမီးရေးရာ အဖွဲ့တို့ ပူးပေါင်း၍ သားအိမ်ခေါင်းကင်ဆာဆိုင်ရာ ကျန်းမာရေးအသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက စစ်တွေမြို့၊ ဦးဥတ္တမခန်းမ၌ ကျင်းပသည်။


ဟောပြောပွဲတွင် ပြည်နယ်မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဒေါ်မြင့်မြင့်ကြည်က ယခုပြုလုပ်သော အခမ်းအနားသည် ယနေ့ခေတ်အမျိုးသမီးများတွင် အဖြစ်များနေသည့် သားအိမ်ခေါင်း ကင်ဆာရောဂါဖြစ်ပွားမှု လျော့ကျရန်၊ ကြိုတင်ကာကွယ်မှုများ ပြုလုပ်နိုင်ရန်နှင့် စစ်ဆေးမှုများပြုလုပ်ပြီး ရောဂါမရှိသူများကို ကာကွယ်ဆေးများထိုးပေးပြီး ရောဂါတွေ့ရှိသူများကို ဆေးကုသမှုခံယူနိုင်ရန်အတွက် ညွှန်းပို့ပေးရန် ရည်ရွယ်ထားကြောင်း၊ ကမ္ဘာတစ်ဝှမ်းတွင် သားအိမ်ခေါင်းကင်ဆာရောဂါကြောင့် သေဆုံးသူ အများအပြား ရှိနေကြောင်း၊ ကြိုတင်ကာကွယ်နိုင်သည့် ရောဂါဖြစ်သည့်အတွက် အသက် ၉နှစ်မှ ၁၄နှစ်အထိ အမျိုးသမီးငယ်များကို ကာကွယ်ဆေး ထိုးနှံပေးခြင်းဖြင့် သားအိမ်ခေါင်းကင်ဆာရောဂါကို ကာကွယ်ခြင်းသည် အကောင်းဆုံးဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ရောဂါဖြစ်ပွားမှုနှုန်းများသည့် အသက် ၃၀ မှ ၅၅ နှစ်ကြားကို ပျမ်းမျှ သတ်မှတ်ပြီး ကာကွယ်ဆေး အလုံး ၅၀၀ အား ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။


ဆက်လက်၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါက်တာကြည်လွင်က ကျန်းမာရေး အသိပညာပေးပြောကြားပြီး ပြည်နယ်သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး ဒေါက်တာတင်တင်ဝင်းက သားအိမ်ခေါင်းကင်ဆာရောဂါနှင့်ပတ်သက်၍ အသိပညာပေး ဟောပြောသည်။


ထို့နောက် တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ ပြည်နယ်မိခင်နှင့် ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဆရာဝန်ကြီးများက ပြန်လည်ဖြေကြားခဲ့ကြကြောင်း သိရသည်။


သတင်း - တင်ထွန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)