ကလောမြို့နယ်၌ စံညီစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရေး ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ကလောမြို့နယ်၌ စံညီစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရေး ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်

 

67

68


MNP - မေ  ၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိနှင့်ဝန်ထမ်းများသည် ယနေ့နံနက်ပိုင်းက ကလောမြို့နယ်၊ ကျေးရွာအတွင်းရှိ စံညီစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကိုယ်အားကိုယ်ကိုး စာကြည့်တိုက်များအား ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်တွင် ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိနှင့် ဝန်ထမ်းများက သာမိုင်းခမ်းကျေးရွာရှိ အလင်းတန်းစာကြည့်၊ ဟဲဟိုးမြို့၊ ဘော်နှင်းကျေးရွာအုပ်စု၊ မြက်ဆက်ကျေးရွာရှိ ဝင်းလင်း ကိုယ်အားကိုယ်ကိုးစာကြည့်တိုက်နှင့် သီခေါင်ကျေးရွာအုပ်စု၊ ဥဿကံကျေးရွာရှိဖိုးရာဇာ ကိုယ်အားကိုယ်ကိုး စာကြည့်တိုက် ကော်မတီအဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ စံညီစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ဆွေးနွေးပြောကြားခဲ့ပြီး စာကြည့်တိုက်ကော်မတီအဖွဲ့ဝင်များက မိမိတို့စာကြည့်တွင် လိုအပ်သည့် အခက်အခဲများနှင့် စာအုပ်စာစောင်များရရှိစေရေး ဆွေးနွေးတင်ပြခဲ့ရာ မြို့နယ်ဦးစီးအရာရှိက စာအုပ်စာစောင်များရရှိစေရေးအတွက် ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ ကလောမြို့နယ်အတွင်းရှိ ကျန်ရှိသည့် စံညီစာကြည့်တိုက်များအား ဆက်လက် ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - ကျော်ဝင်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages