Pages

Pages

ဂွမြို့ တာလောင်ကြီးကျေးရွာ၊ ရွာလယ်ကမ်းစပ်တွင် ပုပ်ပွသေဆုံးနေသည့် လူသေအလောင်း(၄)လောင်း တွေ့ရှိ


MNP ၊ မေ    ၂၅

ရခိုင်ပြည်နယ်၊ ဂွမြို့ တာလောင်ကြီးကျေးရွာ၊ ရွာလယ်ကမ်းစပ်တွင် ယမန်နေ့ ညနေပိုင်းက ပုပ်ပွသေဆုံးနေသည့် လူသေအလောင်း(၄)လောင်း တွေ့ရှိကြောင်း သတင်းရရှိသဖြင့် နယ်ထိန်း ဒုရဲအုပ်မင်းနိုင်ဦးနှင့် တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ကျေးရွာအုပ်ချူပ်ရေးမှူးနှင့် ရာအိမ်မှူးတို့က သွားရောက်စစ်ဆေးခဲ့ရာ ရွာလယ်ကမ်းစပ်တွင် အမည်မသိ ပုပ်ပွပျက်စီးနေသည့် ကလေးအလောင်းဟုယူဆသည့် (မ)အလောင်း ၁လောင်း၊(ကျား)အလောင်း ၁လောင်း၊ လူကြီး(ကျား) အလောင်း ၂လောင်းတို့ကို ငါးကိုက် ဒဏ်ရာများဟုယူဆသည့် ဒဏ်ရာများနှင့်အတူ ပုပ်ပွ ပျက်စီး သေဆုံးနေကြောင်းကို စစ်ဆေးတွေ့ရှိရသည်။ 

ထို့ပြင် အလောင်းများနှင့် မလှမ်းမကမ်းတွင် ခရမ်းရောင်အိတ်တစ်လုံး တွေ့ရှိရပြီး ၎င်းအိတ်အတွင်းတွင် ရေသန့်ဘူး၊ မုန့်နှင့် ကုလားလူမျိုးများအသုံးပြုသည့် အမျိုးသမီးဝတ် အဝတ်အစားများအား  တွေ့ရှိရကြောင်း သိရသည်။

ထို့နောက် အလောင်းများအား ဆေးစာရေးသားပြီး မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့အပ်ခဲ့ကြောင်းနှင့် အထက်ပါအမည်မသိ အလောင်းများနှင့် ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေး ဆောင်ရွက်နိုင်ရန်အတွက် သေမှုသေခင်း ရေးဖွင့် ဆောင်ရွက်ထားကြောင်း မြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။


သတင်း - မိုးစက်

https://t.me/MyanmarNationalPost

No comments:

Post a Comment