သာပေါင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတတ်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ အပတ်စဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

သာပေါင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတတ်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ အပတ်စဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

108


MNP -  မေ    ၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ အပတ်စဉ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မေလ ၄ ရက်နေ့ နံနက် ၁၀ နာရီအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ပြည်အေးခန်းမ၌ ကျင်းပခဲ့သည်။

ဒေသဖွံ့ ဖြိုးတိုးတတ်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ခိုင်စိုး၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးအောင်ကျော်သိန်းနှင့် အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများ အပတ်စဉ်(၁၅)ရက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် လုံခြုံရေးကိစ္စ အလေးထား ဆောင်ရွက်ရန်၊ ဌာနဆိုင်ရာများ အချက်အလက် ပြုစုဆောင်ရွက်ရန်၊ မီးဘေးအန္တရာယ်ကာကွယ်ရေး ဆောင်ရွက်ရန်၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်ရန်၊ ၆၆/၆၊ နိုင်(၄)ဖြည့်သွင်းနေမှု ပူးပေါင်းဆောင်ရွက်ရန်၊ သစ်တောစိုက်ပျိုးရေး အစီအမံတင်ပြရန်၊ နေကြာစိုက်ပျိုးရေး ကွင်းဆင်းစည်းရုံးပြောကြားရန်၊ စပါးစိုက်ပျိုးကုန်ကျမှုစရိတ် တွက်ချက်တင်ပြရန်၊ ဆီထွက်သီးနှံစိုက်ပျိုးရေး အစီအမံတင်ပြရန်၊ စိုက်ဧကများ လျော့နည်းသည့် ကိစ္စရပ်အကြောင်းရင်းနှင့် ဖြည့်စွက်စိုက်ပျိုးထားမှု အခြေအနေတင်ပြရန်၊ ပါဠိပထမပြန်၊ စူဠဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပရေး၊ ညောင်ရေသွန်းလောင်းပွဲ ကျင်းပရေးတို့ကို ဆွေးနွေးပြောကြားပြီး လိုအပ်သည်များအသေးစိတ် ဆွေးနွေးပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages