ကျောက်မဲမြို့နယ်အတွင်းရှိ အသက် ၈၅ နှစ်အထက် ဘိုးဘွား (၅၁၀)ဦးအား လူမှုရေးပင်စင်များ ထောက်ပံ့ပေးနိုင်ရေးငွေများ ထုတ်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်မဲမြို့နယ်အတွင်းရှိ အသက် ၈၅ နှစ်အထက် ဘိုးဘွား (၅၁၀)ဦးအား လူမှုရေးပင်စင်များ ထောက်ပံ့ပေးနိုင်ရေးငွေများ ထုတ်ပေး





MNP - မေ   ၃၁


ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲမြို့နယ်ရှိ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွား များ၏ လူမှုရေးပင်စင်ငွေများကို ကျောက်မဲခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းရီနှင့်ဝန်ထမ်းများက ယမန်နေ့နံနက်ပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင်  သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများဆီသို့ ထုတ်ပေးခဲ့ကြောင်း သိရသည်။ 


နိုင်ငံတော်မှ အသက် ၈၅ နှစ်ပြည့်ပြီးသူနှင့်အထက် သက်ကြီးဘိုးဘွား ၁ ဦးကို တစ်လလျှင် ငွေ ၁၀၀၀၀- ကျပ်နှုန်းဖြင့်  လူမှုရေးပင်စင်များပုံမှန် ထုတ်ပေးလျက်ရှိ‌ရာ ကျောက်မဲမြို့နယ်အတွင်း အသက် ၈၅ နှစ်အထက် သက်ကြီးဘိုးဘွားစုစုပေါင်း ၅၁၀ ဦး ရှိသည့် အတွက် အဆိုပါ ဘိုးဘွားများ၏ ယခုနှစ် ဧပြီ၊ မေ၊ ဇွန် ၃ လစာအတွက်  လူမှုရေးပင်စင်ငွေ ကျပ် တစ်ရာ့ငါးဆယ် သုံးသိန်း(၁၅၃၀၀၀၀၀/-)ကို  လူမှုရေးဝန်ထမ်းဦးစီးဌာနမှ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူတို့လက်ဝယ်သို့ထုတ်ပေးခြင်းဖြစ်သည်။


အဆိုပါ လူမှု‌ရေးပင်စင်ငွေများကို  အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာ ဘိုးဘွားများလက်ဝယ်အရောက် ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။  


သတင်း - မိုင်းထွန်း


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)