Pages

Pages

မလှိုင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများဆန်းစစ်ချက်ဖြေဆို

 


MNP - မေ   ၂၆


မလှိုင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများသည် “ဝန်ထမ်းကောင်းမှနိုင်ငံကောင်းမည်” ဆောင်ပုဒ်အတိုင်း နိုင်ငံ့တာဝန်ထမ်းဆောင်ရာတွင် စိတ်ဓာတ်တိုးတက်မြှင့်မားစေရေးရည်ရွယ်၍ လုပ်ငန်းခွင်မပျက် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများ ဆန်းဆစ်ချက် ဖြေဆိုခြင်းကို ယမန်နေ့ညနေ(၃)နာရီအချိန် အဆိုပါရုံးအစည်းအဝေးခန်းမ၌ ဖြေဆိုခဲ့ကြောင်းသိရသည်။


ဆန်းစစ်ချက်မဖြေဆိုမီ မြို့နယ်အုပ်ချုပ်ရေးမှူးဦးစိုးမင်းထက်က နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများဖြစ်ပေါ်လာပုံကို ပါဝါပွိုင့်ဖြင့်အသေးစိတ်ဆွေးနွေးပို့ချခဲ့ပြီးနောက် ဥပဒေ၊ နည်းဥပဒေပါ အခန်းတစ်ခန်းချင်းအလိုက် ဆက်လက်ပို့ချခဲ့ကာ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့် ရာဇသတ်ကြီးဥပဒေပြဌာန်းချက်ပါ နိုင်ငံ့ဝန်ထမ်း (Civil Service)နှင့်ပြည်သူ့ ဝန်ထမ်း(Public Servant)အဓိပ္ပာယ်များကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးပို့ချခဲ့ပြီးနောက် စာမေးပွဲကိုကျင်းပပေးခဲ့သည်။


အဆိုပါ စာမေးပွဲသို့ မြို့နယ်ရုံးအမှုထမ်းနှင့် ရပ်ကွက်/ကျေးရွာအုပ်စုစာရေးဝန်ထမ်း(၈၂)ဦး ဖြေဆိုခဲ့ကြောင်း သိရှိရသည်။


သတင်း - အောင်ဌေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment