MNP - မေ ၄
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့ ဆမ်မိန်းကျေးရွာရှိ ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်းအတွင်း တည်ထားကိုးကွယ်တော်မူသော “ဝိမုတ္တိရသ (လွတ်ငြိမ်းချမ်းသာ) စေတီတော်မြတ်ကြီး” ပထမအကြိမ် ဗုဒ္ဓပူဇနိယပွဲတော်နှင့် အသံမစဲပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲကို မေ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့ထိ သုံးရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
အဆိုပါ ပွဲတော်အတွင် ပင့်သံဃာတော်/ဘာဏကဆရာတော်(၁၅)ပါး၊ တစ်ပါးလျှင် ဝတ္တုငွေကျပ် ၅၀၀၀၀ နှုန်းဖြင့် ၁၅ ပါးအတွက် ၇၅၀၀၀၀ဖြင့်လည်းကောင်း၊ အရုဏ်ဆွမ်း တစ်နှပ်လျင် ၁၅၀၀၀ကျပ်ဖြင့် သုံးနှပ်အတွက် ၄၅၀၀၀၀ကျပ်၊ နေ့ဆွမ်းတစ်နှပ်လျင် နှစ်သိန်းကျပ်ဖြင့် သုံးနှပ်အတွက် ခြောက်သိန်းကျပ်တို့ ကုန်ကျမည်ဖြစ်ပါ၍ ယင်းအရုဏ်ဆွမ်းနှင့် နေ့ဆွမ်းတို့အတွက် ကုန်ကျမည့် ဝတ္တုငွေများကို အလှူရှင်ဒါယကာ၊ ဒါယကာမများက မိမိတို့နှစ်သက်ရာ သဒ္ဓါနည်းများမဆို ဆရာတော်ဘဒ္ဒန္တဇောတိက(ဖုန်း-094580343448ထံ ဆက်ကပ်လှူဒါန်းနိုင်ပါကြောင်း နိဗ္ဗာန်အကျိုးမြှော်၍ နိူးဆော်လိုက်ရပါသည်။
သတင်း - ကိုကိုနိုင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment