Pages

Pages

ပန်းတနော်တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် (၁၇)လုံး ပြိုကျအမိုးလန်ပျက်စီး



MNP - မေ   ၂၅


ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်တွင် ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်ခန့်က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် (၁၇)လုံး ပြိုကျခြင်းနှင့် အမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။


အဆိုပါ မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ကပိုင်ကျေးရွာအုပ်စု ကပိုင်အရှေ့ကျေးရွာတွင် လူနေအိမ် (၄)လုံး ပြိုကျပျက်စီးခြင်းနှင့် လူနေအိမ် (၉)လုံး အမိုးလန်၍ တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့ကြောင်း သိရသည်။ အလားတူ ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်ခန့်က ဘုရားချောင်းအုပ်စု ဇရပ်လှလေးကျေးရွာတွင် နေအိမ် (၂)လုံး ပြိုကျပျက်စီးခြင်းနှင့် နေအိမ် (၁)လုံး အမိုးလန်ပျက်စီးခဲ့ပြီး ပန်းတနော်မြို့ အရှေ့ပိုင်းရပ်ကွက် အေးချမ်းဖြိုးလမ်းရှိ နေအိမ် (၁)လုံး အမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။


မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးသွားသော နေအိမ်များအား သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများ၊ ဒေသခံပြည်သူများက ပြန်လည်နေထိုင်နိုင်ရေး ဝိုင်းဝန်းပြုပြင် ကူညီဆောင်ရွက်ပေးခဲ့ပြီး လူနှင့်တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရသည်။


သတင်း - ပြည့်ဖြိုးကျော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment