ဂွမြို့တွင် မြို့ရွာပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့တွင် မြို့ရွာပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိ





MNP ၊ မေ  ၂၁

ရခိုင်ပြည်နယ်၊ ဂွမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့အင်္ဂါရပ် များနှင့်အညီ ပတ်ဝန်းကျင်များသန့်ရှင်းသာယာလှပရေးအတွက် ဌာနဆိုင်ရာဝန်ထမ်း များ၊မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် နယ်မြေခံတပ်ရင်းတပ်ဖွဲ့မှမိသားစုဝင်များ၊ ကျေးရွာ SMU အဖွဲ့ဝင်များ ပူးပေါင်း၍ ယနေ့ နံနက်(၇)နာရီက ဂွမြို့ ရဟိုင်ကွင်းကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်း၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြသည်။


ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဌ ဦးဇာနည်ကျော် ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၏ကြီးကြပ်မှုဖြင့် နယ်မြေခံ တပ်ရင်းမှ စစ်သည်တော်များ ၊ မိသားစုဝင်များ ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းအဖွဲ့သားများ၊ ရဟိုင်ကွင်းကျေးရွာရှိ SMU အဖွဲ့ဝင်များ  စုစုပေါင်းအင်အား(၂၁၀) ကျော်တို့က မြို့ရွာပတ်ဝန်းကျင်များ သန့်ရှင်းသာယာလှပပြီး၊ ပြည်သူများစိတ်ချမ်းသာစေရန် အတွက် ရဟိုင်ကွင်းကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းရှိ အမှိုက်သရိုက်များ၊ ပလစ်စတစ်အိတ်ခွံများ၊ သစ်ခြောက်၊ သစ်ရွက်များနှင့်ခြုံ၊ နွယ်၊ ပေါင်းပင်များအား  ခုတ်ထွင် ရှင်းလင်းခဲ့ကြကြောင်းနှင့်  အပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်း များကို ဆက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။


သတင်း - ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)