ပဲခူးတိုင်း‌ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား အမျိုးသားဘော်လီဘောပြိုင်ပွဲတွင် တောင်ငူခရိုင်အသင်း ပထမဆု ရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးတိုင်း‌ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား အမျိုးသားဘော်လီဘောပြိုင်ပွဲတွင် တောင်ငူခရိုင်အသင်း ပထမဆု ရရှိ


MNP ၊ မေ ၁၈

၂၀၂၂ ခုနှစ်၊ ပဲခူးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား(၄)ခရိုင် အမျိုးသား ဘော်လီဘောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို တိုင်းဒေသကြီး၊ မိုးလုံလေလုံ အားကစားခန်းမ၌ ယမန်နေ့ညနေ ၄ နာရီကကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးခဲ့သည်။

အဆိုပါ အမျိုးသားဘော်လီဘောပြိုင်ပွဲ ကျင်းပခြင်းအားဖြင့် ဒေသတွင်းလူငယ်လူရွယ်များ၏ ချစ်ကြည်ရင်းနှီးမှုရရှိစေရန်၊ မိမိကိုယ်စားပြုအသင်း၏ ဂုဏ်ကိုဖော်ဆောင်နိုင်စေရန် ရည်ရွယ်၍ မေလ ၁၆ ရက်နေ့မှ ၁၇ ရက်နေ့အထိ ခရိုင် ၄ ခရိုင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး အဆိုပါဘော်လီဘောပြိုင်ပွဲတွင် တောင်ငူခရိုင်အသင်းက(ပထမ)၊ သာယာဝတီခရိုင် အသင်းက(ဒုတိယ)နှင့် အကောင်းဆုံးအားကစားသမားဆုကို သာယာဝတီခရိုင်အသင်းမှ ချစ်ညီညီ က ရရှိပြီး တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။ 


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)