MNP - မေ ၂၆
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ပူးပေါင်း၍ ရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်းဖွင့်လှစ်ခြင်းကို ယနေ့နံနက် ၉ နာရီက အဆိုပါဌာနရှိ လူထုအခြေပြုဗဟိုဌာန Community Centre ပံသုကျီခန်းမ၌ သင်တန်းဖွင့်လှစ်ပို့ချလျက်ရှိသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးဇင်မင်းထွန်းက Community Centre ခန်းမတွင် ပြပွဲ၊ ပြိုင်ပွဲများ၊ သင်တန်းများဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များအားရှင်းလင်းပြောကြားပြီး၊ မြို့နယ်ကြက်ခြေနီအသင်းခွဲအတွင်းရေးမှူးဦးအောင်သန်းက ရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်းအကြောင်းအား ရှင်းလင်းပြောကြားကာ စတင်သင်ကြားပို့ချခဲ့သည်။
အဆိုပါသင်တန်းသို့ မြို့နယ်ဦးစီးမှူးဦးဇင်မင်းထွန်း၊ မြို့နယ်မီးသတ်ဦးစီးမှူးဦးမင်းသန့်၊ မြို့နယ်ကြက်ခြေနီအသင်းခွဲ အတွင်းရေးမှူးဦးအောင်သန်းနှင့်အသင်းဝင်များ၊ သင်တန်းသား/ သင်တန်းသူများတက်ရောက်ခဲ့ကြပြီး၊ သင်တန်းကာလမှာ မေလ (၂၆)ရက်မှ စတင်ကာ (၃)ရက် ကြာဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း - ဇာနည်ကိုကို
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment