ကျောက်မဲခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ပန်းချီပြိုင်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်မဲခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ပန်းချီပြိုင်ပွဲကျင်းပ





MNP - မေ   ၂၃


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Center ခန်းမတွင် ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က "မြန်မာ့ရိုးရာကစားစရာ" ခေါင်းစဉ်ဖြင့် ပန်းချီပြိုင်ပွဲကျင်းပခဲ့ကြောင်း သိရသည်။


လူငယ်လူရွယ်များ တီထွင်ကြံဆတတ်စေရန်၊ မြန်မာ့ရိုးရာများကို တန်ဖိုးထားတတ်စေရန်ရည်ရွယ်၍ ပန်းချီပြိုင်ပွဲကိုကျင်းပရခြင်းဖြစ်ကြောင်း၊ ပြိုင်ပွဲကိုမူလတန်းအဆင့်နှင့် အလယ်တန်းအဆင့်ခွဲ၍ ကျင်းပသွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲတစ်ပွဲတွင်ပြိုင်ပွဲဝင် ၂၀ ဦးစီ ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။


အဆိုပါ ပြိုင်ပွဲတွင်ဆုရရှိသူများအား မေ ၂၄ ရက်နေ့တွင် ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်း ကျောက်မဲခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။


သတင်း - မိုင်းထွန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)