Pages

Pages

ကျိုက်ထိုမြို့နယ်၌ မိုးရာသီစုပေါင်းသစ်ပင် စိုက်ပျိုးပွဲကျင်းပ





MNP ၊ မေ ၂၈

ကျိုက်ထိုမြို့နယ်၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကိုသယံဇာတနှင့်သဘာဝပတ် ဝန်းကျင်ထိန်းသိမ်း‌ ရေးဝန်ကြီးဌာန ကျိုက်ထိုမြို့နယ်သစ်တောဦးစီးဌာနမှဦးစီး၍ မေ ၂၈ ရက်နံနက် ၈ နာရီတွင် ကျိုက်ထိုမြို့ကျိုက်ပိရွှေသောင်ကွင်း ဒီရေတော ကြိုးပြင်ကာကွယ်‌တော ၌စိုက်ပျိုးပွဲအားကျင်းပခဲ့သည်။

သစ်ပင်စိုက်ပျိုးပွဲတွင်ကျိုက်ထိုမြို့ နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးဝင်း ကစိုက်ပျိုးမည့်သစ်ပင်များအားဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသီဟအောင်နှင့်တက်ရောက်လာသည့်ဌာနဆိုင် ရာအကြီးအကဲများ၊လူမှုရေးအဖွဲ့အစည်းများနှင့်‌ ကျေးရွာသူ၊ကျေးရွာသားများထံလွှဲပြောင်းပေးအပ်ခဲ့သည်။

ယင်းနောက် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးသီဟအောင်၊ ဌာနဆိုင်ရာအကြီး အကဲများနှင့်လူမှုရေးအဖွဲ့အစည်းများ ကျေးရွာနေပြည်သူများက (မာလာလူးကား) အမျိုးအစားဒီရေတောသစ်ပင် စုစုပေါင်း(၄၈၄၀)ပင် အားတပျော်တပါး စိုက်ပျိုးခဲ့ကြ ကြောင်းသိရသည်။


သတင်း -  ဝင်းမောင်(ကျိုက်ထို)

https://t.me/MyanmarNationalPost

No comments:

Post a Comment