ဒိုက်ဦးမြို့နယ်၌ ကျောင်းအပ်နှံရေး သီတင်းပတ်ဆိုင်ရာ မြေစိုက်ပိုစတာစိုက်ထူပွဲ လူထုလှုပ်ရှားမှုပုံစံဖြင့် ဆောင်ရွက်သည့် အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒိုက်ဦးမြို့နယ်၌ ကျောင်းအပ်နှံရေး သီတင်းပတ်ဆိုင်ရာ မြေစိုက်ပိုစတာစိုက်ထူပွဲ လူထုလှုပ်ရှားမှုပုံစံဖြင့် ဆောင်ရွက်သည့် အခမ်းအနားကျင်းပ



MNP - မေ   ၁၉


၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဒိုက်ဦးမြို့နယ်၌ ကျောင်းအပ်နှံရေး သီတင်းပတ်ဆိုင်ရာ မြေစိုက်ပိုစတာစိုက်ထူပွဲ လူထုလှုပ်ရှားမှု ပုံစံဖြင့် ဆောင်ရွက်သည့် အခမ်းအနားကို ယနေ့နံနက် ၇:၃၀ နာရီကပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ သာသနာ့ဗိမ္မာန်အရှေ့(ဦးမဲတာစုံ)၌ ကျင်းပပြုလုပ်သည်။


အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ အဖွဲ့ဝင် ဦးတင်ထွဋ်မြင့်နှင့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ NGOများ၊ ကျောင်းသားမိဘများ တက်ရောက်ကြသည်။


၂၀၂၂-၂၀၂၃ ပညာသင်နှစ်ကို ဇွန် ၂ ရက်နေ့တွင် စတင်တော့မည်ဖြစ်ကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် အခြေခံပညာကျောင်းသား/ကျောင်းသူများ၏ ကျောင်းအပ်လက်ခံရာတွင် မည်သည့်ငွေကြေးမှ မကောက်ခံဘဲ အခမဲ့ပညာရေးစနစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျောင်းအပ်နှံရေးနေ့တွင် ကျောင်းသုံးဖတ်စာအုပ်များ၊ ဗလာစာအုပ်များ အခမဲ့ပေးဝေသွားမည်ဖြစ်ကြောင်း ကျောင်းဝတ်စုံများကို ကျောင်းဖွင့်ချိန်အတွင်း ပေးဝေသွားမည် ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဒေါ်နော်ခရီစဲလ်ဒါက ပြောကြားခဲ့ပါသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)