Pages

Pages

တာမွေမြို့နယ်တွင် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဇာတ်တိုက်သရုပ်ပြ လေ့ကျင့်ခြင်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်



MNP - မေ   ၂၃


ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အတွင်း မုန်တိုင်းတိုက်ခတ်ခြင်း၊ ရေကြီးရေလျှံခြင်း၊ မြေငလျင်လှုပ်ခတ်ခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက ရှာဖွေကူညီကယ်ဆယ် ရေးလုပ်ငန်းများအား အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်စေရန်အတွက် ယမန်နေ့ နံနက်ပိုင်းအချိန်က တာမွေမြို့နယ်ရှိ မြို့နယ်မီးသတ်တပ်ဖွဲ့စခန်း၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ ဇာတ်တိုက်သရုပ်ပြ လေ့ကျင့်ခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။


အဆိုပါ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဇာတ်တိုက်သရုပ်ပြ လေ့ကျင့်ခြင်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေမှု အခြေအနေအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကိုးအောင်နှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြား ခဲ့သည်။


ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ် နှင့် မီးဘေးအန္တရာယ်များဖြစ်ပေါ်လာပါက အချိန်နှင့်တစ်ပြေးညီ ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာဌာနများအပါအဝင် မြို့နယ်အတွင်းရှိ ပြည်သူများနှင့် ပူးပေါင်း၍ လက်တွေ့ဇာတ်တိုက်သရုပ်ပြ လေ့ကျင့်ခြင်းများကို စဉ်ဆက်မပြတ် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်းနှင့် မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်နှင့် မီးဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက တာမွေမြို့နယ် မီးသတ်တပ်ဖွဲ့စခန်း တယ်လီဖုန်းနံပါတ် ၀၁-၅၅၄၈၉၃၊ ၀၁-၅၅၄၈၄၁၊ ၀၁-၅၅၄၇၇၈ သို့ ချက်ချင်း ဆက်သွယ် သတင်းပို့ပြီး အကူအညီတောင်းခံနိုင်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သတင်းရသည်။


သတင်း - နိုင်လင်းအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment