စာသင်ကျောင်းများ သန့်ရှင်းသာယာ ဘေးကင်းစေရေး ပြည်ခိုင်ဖြိုးပါတီမှ ဝိုင်းဝန်းကူညီ ဆောင်ရွက်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စာသင်ကျောင်းများ သန့်ရှင်းသာယာ ဘေးကင်းစေရေး ပြည်ခိုင်ဖြိုးပါတီမှ ဝိုင်းဝန်းကူညီ ဆောင်ရွက်လျက်ရှိ












MNP ၊ မေ ၂၉ 

စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ရန် ကျောင်းများ အပ်နှံနေသည့် ကာလအတွင်း ပြည်ခိုင်ဖြိုးပါတီမှ အမြို့မြို့အနယ်နယ်တွင် ကျောင်းသန့်ရှင်းရေး လုပ်ငန်းများ ဝိုင်းဝန်းကူညီ ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရသည်။


ယနေ့ မေလ ၂၉ ရက်နေ့တွင် နေပြည်တော်၊ ပြည်ထောင်စုနယ်မြေ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဇေယျာသီရိမြို့နယ်၊ နန်းသြကျေးရွာ စာသင်ကျောင်းအား ကျောင်းတွင်းကျောင်းပြင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများအား ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်လျက်ရှိရာ ပြည်ထာင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်ထောင်စုနယ်မြေ ပါတီကော်မတီဝင် ဦးဖိုးသိန်း၊ ဦးကျော်ကျော်လတ်နှင့် ဇေယျာသီရိမြို့နယ်မှ မြို့နယ်ကော်မတီဝင်များမှ စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အလားတူ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ၂၈-၅-၂၀၂၂ ရက်နေ့တွင် ပေါင်းတည်မြို့ ၃၈ လမ်းအုပ်ဖို ၁ ရပ်ကွက်၊ အခြေခံပညာ မူလတန်းကျောင်း၌ ကျောင်းတွင်းကျောင်းပြင် သန့်ရှင်းရေးအတွက် ခြုံနွယ်ပိတ်ပေါင်း များရှင်းလင်းကြရာ ရပ်မိရပ်ဖများနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။



ပြင်ဦးလွင်မြို့နယ်ရှိစာသင်ကျောင်းများ၊ ကျောင်းများဖွင့်လှစ်ရာရင် ကျောင်းတွင်းကျောင်းပြင်သန့်ရှင်းရေးနှင့် ခြင်ဆေးဖျန်းခြင်းများ  ပြုလုပ်ဆောင်ရွက်ရာ ပြည်ခိုင်ဖြိုးပါတီဝင်များ/ ပါတီလူငယ်များနှင့် ပါတီကော်မတီဝင်များမှ လုပ်အားပေးဆောင်ရွက်ခဲ့ကြသည်။


နေပြည်တော်၊ ပြည်ထောင်စုနယ်မြေတွင် ၂၈-၅-၂၀၂၂ ရက်နေ့တွင် ဥတ္တရသီရိမြို့နယ်နှင့် တပ်ကုန်းမြို့နယ်အတွင်းရှိ စာသင်ကျောင်းများအား ကျောင်းတွင်း ကျောင်းပြင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများအား ဆောင်ရွက်ခဲ့ကြောင်း၊ အဆိုပါဆောင်ရွက်ရာသို့ ပြည်ထာင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ပြည်ထောင်စုနယ်မြေပါတီကော်မတီဝင် ဦးလှဆွေ၊ ဦးကျော်ကျော်လတ်နှင့် ဥတ္တရသီရိခရိုင်ပါတီကော်မတီဝင်များ၊ ဥတ္တရသီရိမြို့နယ်နှင့် တပ်ကုန်းမြို့နယ်မှ မြို့နယ်ကော်မတီဝင်များမှ စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အလားတူ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ၂၇-၅-၂၀၂၂ ရက်နေ့တွင် ပန်းတောင်းမြို့နယ်၊ ထန်းပင်ကွင်းရွာ၊ အခြေခံပညာမူလတန်းကျောင်း၌ ကျောင်းတွင်းကျောင်းပြင် သန့်ရှင်းရေးအတွက် ရှင်းလင်းကြရာ ရပ်မိရပ်ဖများနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။


မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် အင်တိုင်းအုပ်စု အင်တိုင်းစံပြကျေးရွာ အ-မ-က (၁၁) မူလတန်းလွန်ကျောင်းသို့  ကျောက်ဆည်မြို့နယ် ပြည်‌ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌ  နှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်ကျေးပါတီကော်မတီဝင်များနှင့်အတူ ( ၂၇-၅-၂၀၂၂) ရက်နေ့ နံနက် (၈ ၃၀)အချိန်တွင် စုပေါင်းအင်အား (၅၀)ဦးဖြင့် ကျောင်းဝန်းသန့်ရှင်းရေး၊ ကျောင်းဆောင်များသန့်ရှင်းရေးကို ဆရာ/ဆရာမ ကျေးလက်နေရွာသူ/ရွာသားများ၊ တပ်မတော်သားများနှင့်အတူ လုပ်အားပေး ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ၂၆-၅-၂၀၂၂ ရက်နေ့တွင် တရုတ်မှော်ကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်း၌ ကျောင်းတွင်းကျောင်းပြင် သန့်ရှင်းရေးအတွက် ရှင်းလင်းကြရာ ရပ်မိရပ်ဖများနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အလားတူ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ၂၆-၅-၂၀၂၂ ရက်နေ့တွင် ကုန်းမြင့်ကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်း၌ ကျောင်းတွင်းကျောင်းပြင် သန့်ရှင်းရေးအတွက် ရှင်းလင်းကြရာ ရပ်မိရပ်ဖများနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊ အခြေခံပညာကျောင်းများ၏ ကျောင်းအပ်နှံရေး ရက်သတ္တပတ်တွင်  ငါန်းဇွန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ရွာသစ်ကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ကျောင်းသန့်ရှင်းရေးနှင့် ကျောင်းအပ်နှံမှုလုပ်ငန်းများကို ယနေ့ နံနက်(၇ )နာရီမှ (၁၀)နာရီအထိ ပညာရေး ဝန်ထမ်းများနှင့်အတူ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ၂၆-၅-၂၀၂၂ ရက်နေ့ နံနက်ပိုင်းတွင် ဂရံ(တပ်တွင်း)၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျောင်းတွင်းကျောင်းပြင် သန့်ရှင်းရေးအတွက် ရှင်းလင်းကြရာ ရပ်မိရပ်ဖများနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။


အလားတူ မြင်းခြံ၊ လက်ပံတန်း၊ ပြည်ကြီးတံခွန်မြို့နယ်တို့တွင်လည်း စာသင်ကျောင်းများ သန့်ရှင်းသပ်ရပ်မှု ရှိစေရေးအတွက် ပြည်ခိုင်ဖြိုးပါတီဝင်များက ဝိုင်းဝန်းကူညီ လုပ်အားပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အခြေခံပညာကျောင်းများကို ၂၆-၅-၂၀၂၂ ရက်နေ့မှ စတင်၍ ၁-၆-၂၀၂၂ ရက်နေ့အထိ ကျောင်းအပ်လက်ခံသွားမည်ဖြစ်ပြီး ၂-၆-၂၀၂၂ ရက်နေ့တွင် အခြေခံပညာကျောင်းများ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ ကြေညာထားခြင်းဖြစ်သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)