MNP - မေ ၂၃
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် သောက်သုံးရေလိုအပ်လျက်ရှိသော ပန်းကုန်းပင်ကျေးရွာနှင့်ပျဉ်တိုင်းကျေးရွာသို့ ယနေ့နံနက် ၉ နာရီအချိန်က သောက်သုံးရေဂါလံ (၃၂၀၀) သွားရောက်လှူဒါန်းခဲ့ကြောင်း အေးမေတ္တာသောက်ရေအလှူတော်အသင်းအကျိုးတော်ဆောင် များထံကသိရသည်။
ညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေလိုအပ်လျက်ရှိသော ကျေးရွာများ/တဲတိုက်များသို့ ရန်ကုန်မြို့ဝေမျှခြင်းပရဟိတမိသားစုမှ သောက်သုံးရေလှူဒါန်းပေးလျက်ရှိ ရာပန်းကုန်းပင်ကျေးရွာအတွက် သောက်သုံးရေဂါလံ (၁၆၀၀)နှင့် ပျဉ်တိုင်းကျေးရွာအတွက်သောက်သုံးရေ ဂါလံ (၁၆၀၀)လှူဒါန်းပေးနိုင်ခဲ့ရာ ဆောင်းဦးပေါက်ရာသီမှစတင်ပြီး သောက်သုံးရေလှူဒါန်းလာသည့် ရန်ကုန်မြို့ဝေမျှခြင်းပရဟိတအသင်းအနေဖြင့်သောက်သုံးရေးလိုအပ်နေသော ကျေးရွာများသို့ သောက်သုံးရေဂါလံ (၂၂၀၈၀၀)ဂါလံ လှူဒါန်းပေးနိုင်ခဲ့ကြောင်း သောက်သုံးရေ အကျိုးတော်ဆောင်ဦးဝင်းမင်းထွန်းထံက သိရသည်။
သတင်း - ကိုထိန်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment