MNP - မေ ၂၁
မွန်ပြည်နယ်ကျန်းမာရေးဦးစီးဌာန၊ ငှက်ဖျားရောဂါ တိုက်ဖျက်ရေးဌာနနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာန ပူးပေါင်းပြီး ကျိုက်ထိုမြို့နယ် ဌက်ဖျားရောဂါ တိုက်ဖျက်ရေး လုပ်ငန်းဆန်းစစ် ဆွေးနွေးခြင်း (Malaria Evaluation)ကို မေ(၁၉)ရက် နံနက် ၉နာရီတွင် မြို့နယ် ပြည့်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင်မွန်ပြည်နယ်ငှက်ဖျားတိုက် ဖျက်ရေးဌာနမှအဖွဲ့ ခေါင်းဆောင် ဒေါက်တာ မင်းသူမှ မိုးရာသီကာလတွင် ကလေးငယ်များအနေနှင့် သွေးလွန်တုတ်ကွေးဖြစ်ပွားနိုင်သလို လူကြီးလူငယ်မရွေး ငှက်ဖျားရောဂါကို ခံစားရသည့်အတွက် ကြိုတင်ကာကွယ်သည့်အနေဖြင့် စာသင်ကျောင်းများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုများရှိ လူနေအိမ်များ ဘုန်းတော်ကြီးကျောင်းများ အများပြည်သူ ဝင်ထွက်သွားလာနေသည့် ဌာနဆိုင်ရာများတွင် (Abate)ဆေးအား သွားရောက်ဖြန့်ဖြူးပြီး ဖုံး၊ သွန်၊ လဲ၊ စစ်စနစ်ကို ကျင့်သုံးကြရန် အသိပညာပေး လုပ်ငန်းကိုလည်း ဆောင်ရွက်ကြရန်ပြောကြားခဲ့သည်။
ယင်းနောက်မြို့နယ် ဆရာဝန်ကြီးဒေါက်တာ ခွန်မောင်အိုးကမြို့နယ်အတွင်း (Abate)ဆေး ဖြန့်ဖြူးခြင်းနှင့် ဖုံး၊ သွန်၊ လဲစစ်၊ အသိပညာပေးလုပ်ငန်းကို ဇွန် ပထမ ပတ်မှစတင်ကာ ကျန်းမာရေးဝန်ထမ်းများ ဌာနဆိုင်ရာများ ပရဟိတစေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်းကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။
အဆိုပါဆန်းစစ်ဆွေးနွေးပွဲသို့ ပြည်နယ်ဌက်ဖျားရောဂါ တိုက်ဖျက်ရေးအဖွဲ့၊ မြို့နယ်ပြည့်သူ့ကျန်းမာရေးဝန်ထမ်းများနှင့် ငှက်ဖျားရောဂါတိုက်ဖျက်ရေးစေတနာ့ ဝန်ထမ်းစုစုပေါင်း(၆၀)ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။
သတင်း - ဝင်းမောင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment