ပေါက်ခေါင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ကို ကျေးရွာများသို့ ကွင်းဆင်းထိုးနှံပေး - MyanmarNationalPost

.com/img/a/

News Agency

demo-image

ပေါက်ခေါင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ကို ကျေးရွာများသို့ ကွင်းဆင်းထိုးနှံပေး

21


MNP - မေ   ၄

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊‌ ပေါက်ခေါင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား ရာနှုန်းပြည့်ထိုးနှံပြီးစီးရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ဦးဆောင်၍ ကာကွယ်ဆေးထိုးအဖွဲ့များဖြင့် ကျန်းမာရေးဌာနခွဲများမှ ရပ်ကွက်/ ကျေးရွာများအထိ ကွင်းဆင်းထိုးနှံပေးလျက်ရှိသည်။

ထိုသို့ကာကွယ်ဆေးထိုးလုပ်ငန်းဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ၊ Volunteer များမှ သက်ဆိုင်ရာ ကဏ္ဍအလိုက် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပြီး ယမန်နေ့နံနက် ၉ နာရီအချိန်က ပေါက်ခေါင်းမြို့နယ် ကြို့ပင်ဝိုင်းကျေးရွာအုပ်စု ဆေးထိုးစုရပ် တွင် ကိုဗစ်-၁၉ကာကွယ်ဆေး ဒုတိယအကြိမ်အဖြစ် ပြည်သူ(၁၈၇)ကို Covishield အမျိုးအစား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ကွင်းဆင်း ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ပေါက်ခေါင်းမြို့နယ်တွင် အသက် ၁၈ နှစ်အထက် ကာကွယ်ဆေးထိုးနှံရန်အကျုံးဝင်သူ (၉၇၅၁၉)ဦးရှိပြီး၊ ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံပြီးစီးသူ (၈၃၄၅၈)ဦးနှင့် ဒုတိယအကြိမ် ထိုးနှံပြီးသူ(၇၀၇၁၈)  ဦးရှိကြောင်းနှင့် ကာကွယ်ဆေးထိုးနှံပြီးစီးမှုမှာ ၉၆.၉၆ ရာခိုင်နှုန်းရှိ ကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။

သတင်း - သန်းထွန်းအောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Pages