ကျွန်းစုမြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် (၁)လုံး ပြိုကျပျက်စီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျွန်းစုမြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် (၁)လုံး ပြိုကျပျက်စီး

 



MNP - မေ  ၂၃


တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီးလေပြင်းတိုက်ခတ်မှုကြောင့် ယမန်နေ့ မွန်းလွဲ၁‌၂ နာရီခွဲအချိန်ခန့်က ကျွန်းစုမြို့၏ မြောက်ဘက်(၁၂)မိုင်ခန့်အကွာ ကမ်းကြီးကျေးရွာအုပ်စု၊ ပြင်ထပ်အော်ကျေးရွာ၌ လူနေအိမ်တစ်လုံး ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။


မိုးအဆက်မပြတ်ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ပြင်ထပ်အော်ကျေးရွာနေ ဦးစိုးလွင် ပိုင်ဆိုင်သော ဓနိမိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း နေအိမ်မှာ နေအိမ်နံဘေးရှိ  ရာဘာပင်ပြိုလဲပြီး နေအိမ်ပေါ်သို့ လဲကျမှုကြောင့် နေအိမ်ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။


အဆိုပါသစ်ပင်ပြိုလဲကျမှုကြောင့် လူ/တိရစ္ဆာန်ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် နေအိမ်ရှိ မိသားစုဝင် ကျား(၄)ဦး၊ မ(၂)ဦး၊ ပေါင်း(၆)ဦးတို့မှာကျေးရွာရှိ ဆွေမျိုးများနေအိမ်တွင် ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း သိရသည်။


သတင်း - စည်သူရအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)