Pages

Pages

အမ်းမြို့ အမှတ်(၃) ဈေးရပ်ကွက်၌ ရေစီးရေလာကောင်းမွန်စေရေး ရေနုတ်မြောင်းများ တူးဖော်ဆောင်ရွက်






MNP - မေ  ၂၅

ရခိုင်ပြည်နယ်အမ်းမြို့ အမှတ်(၃) ဈေးရပ်ကွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးပတ်ဝန်းကျင်၌ ရေစီးရေလာကောင်းမွန်စေရေးအတွက်  ရေနုတ်မြောင်းများရှိ အမှိုက်များရှင်းလင်းခြင်းကို ယနေ့နံနက်က မြို့နယ်စည်ပင်သာယာအဖွဲ့က ဦးဆောင်ကာ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


အဆိုပါ ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်ခြင်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးဆောင်ကာ အမှတ်( ၃) ဈေးရပ်ကွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး တောင်ပတ်ဝန်းကျင်ရှိ ရေနုတ်မြောင်းများရှိ အမှိုက်များအား တူးဖော်ရှင်းလင်းခြင်း၊ ချုံနွယ်ပေါင်းမြက်များ အားရှင်းလင်းကာ မြို့ရေစီးရေလာကောင်းမွန်စေရေး၊ ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေး လုပ်ငန်းများအား ဆောင်ရွက်ခဲ့ကြကြောင်းသတင်းရရှိပါသည်။


သတင်း - စိုးမင်းထွန်း


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment