စလင်းမြို့နယ်တွင် ဧရာဝတီမြစ်ကမ်းပါးပြိုကျမည် စိုးရိမ်ရသဖြင့် ကြိုတင်ပြောင်းရွှေ့ အိမ်ထောင်စု(၄၃) အိမ်ထောင်စုတို့အား အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုး ထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စလင်းမြို့နယ်တွင် ဧရာဝတီမြစ်ကမ်းပါးပြိုကျမည် စိုးရိမ်ရသဖြင့် ကြိုတင်ပြောင်းရွှေ့ အိမ်ထောင်စု(၄၃) အိမ်ထောင်စုတို့အား အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုး ထောက်ပံ့ပေးအပ်



MNP -  မေ   ၂၁


မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ၂၀၂၂ ခုနှစ် ယမန်နေ့နံနက် ၉ နာရီ ၃၀အချိန်က စလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး ပတ္တမြားခန်းမဆောင်တွင် ဧရာဝတီမြစ်ကမ်းပါးနှင့်နီးစပ်သည့် ကျေးရွာအုပ်စု (၃) အုပ်စုတို့ရှိ အိမ်ထောင်စု (၄၃) စုတို့မှ မိသားစုဝင်များကို ကျေးရွာအုပ်ချုပ်ရေးမှူးများမှတဆင့် ဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပေးအပ်ခဲ့သည်။


ထိုသို့ထောက်ပံပေးအပ်ရာတွင် မေလ ၁၈ ရက်နေ့မှ ဖြစ်ပွား ရွှေ့ပြောင်းအိမ်ထောင်စု ကျေးရွာအုပ်စုများဖြစ်သည့် သနပ်ကုန်း ကျေးရွာအုပ်စု၊ ဇီးဖြူပင်ကျေးရွာအုပ်စု၊ ကျောက်ရဲကျွန်း ကျေးရွာအုပ်စုများမှ ရွှေ့ပြောင်းမိသားစုဝင်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်ကြီးကြပ်မှုဖြင့် စလင်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ဝင့်သီတာမောင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုဦးစီးမှူး ဒေါ်သိင်္ဂီအေးတို့မှ အိမ်ထောင်စု(၄၃)အိမ်ထောင်စုတို့အတွက် ဆန်ရိက္ခာဖိုးတစ်ဦးလျှင် (၂၁၀၀) ကျပ်နှုန်းဖြင့် လူဦးရေ (၁၆၇)ဦးတို့အတွက် (၃၅၀၇၀၀)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ အိမ်ထောင်စု (၄၃) အိမ်ထောင်စုအတွက် တစ်အိမ်လျှင် (၁၀၀၀၀၀) ကျပ်နှုန်းဖြင့် (၄၃၀၀၀၀၀)ကျပ် စုစုပေါင်း (၄၆၅၀၇၀၀)ကျပ်တို့ကို ကျေးရွာအုပ်ချုပ်ရေးမှူးများမှတဆင့် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရှိရသည်။


သတင်း - မောင်လွင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)