Pages

Pages

ပိုင်ကျုံမြို့ အ.ထ.ကကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်

 



MNP - မေ  ၂၇


ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ အခြေခံပညာအထက်တန်း‌ကျောင်း၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပသည်။


ရှေးဦးစွာ ပိုင်ကျုံမြို့မြို့အုပ်ချုပ်‌ရေးမှူး ဦးကျော်ကျော်လွင်က ကျောင်းနေအရွယ်ကလေးလူငယ်များကျောင်းအပ်နိုင်‌ရေးအတွက် ကျောင်းသားမိဘများ၊ရပ်မိရပ်ဖများ ဝိုင်းဝန်းစည်း ရုံးဆောင်ရွက်ရန်လိုအပ်ကြောင်း အဖွင့်အမှာစကား‌ပြောကြားပြီး ပိုင်ကျုံမြို့အ.ထ.က‌ကျောင်းမှ‌ ကျောင်းအုပ်ဆရာမကြီးက ကျောင်းများဖွင့်လှစ်သင်ကြားရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိမှုများ၊ ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့အတွက် ကျောင်းအပ်နှံရေးဆောင်ရွက်ရာတွင် ဆရာ၊ဆရာများအနေဖြင့် ဆောင်ရွက်နေမှုနှင့် ဆောင် ရွက်သွားမည့်အစီအစဉ်များကို ရှင်းလင်းပြောကြားပြီးနောက် ကျောင်းအကျိုးတော်ဆောင် တစ်ဦးမှ ကျောင်းအကျိုးတော်ဆိုသည်မှာ လူမျိုးရေး၊ ဘာသာရေး၊ ပုဂ္ဂိုလ်ရေး၊ နိုင်ငံ ရေးခွဲခြားမှုမရှိရန်လိုအပ်ကြောင်း၊ အဓိကနိုင်ငံတော်တည်ဆောက်ပေးသည့်ကျောင်း၏ တိုးတက်စေမည့်အချက်များကို ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အ တွင်း ကျောင်း၏လိုအပ်ချက်များကို ကျောင်းအကျိုးတော်ဆောင်း၊ ‌ဆရာ/မများ၊ ကျောင်း သား/သူများ၊ ကျောင်းသားမိဘများနှင့် ဌာနဆိုင်ရာများ ပူးပေါင်းပါဝင်ဆောင်ရွက်မှသာ ဒီပညာသင်နှစ်မှာ ကောင်းမွန်စွာကျော်ဖြတ်နိုင်မှာဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ အ.ထ.က ပိုင်ကျုံကျောင်းမှ မူလတန်းအဆင့် ကျောင်းသား/သူများအား အလှူရှင်များမှ ကျောင်းသုံးအထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် ပိုင်ကျုံမြို့ မြို့အုပ်ချုပ်ရေးမှူး၊မြို့အဆင့်ဌာနဆိုင်ရာများ၊ အလှူရှင်များ၊ ဆရာ/ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် ကျောင်းသား/သူများ တက်ရောက်ကြကြောင်း သိရသည်။


သတင်း - နော်ခူး


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment