Pages

Pages

ပေါက်ခေါင်းမြို့နယ်၌ နွေစပါးစံကွက်ရိတ်သိမ်း တစ်ဧက တင်း(၁၀၀)ကျော်ထွက်ရှိ


MNP - မေ   ၂၆


ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ ဝက်တိုးကျေးရွာအုပ်စု၊ ဝက်တိုးကျေးရွာတောင်သူ ဦးခိုင်ထူး၏ ကွင်းအမှတ်(၆၄၁)ရှိ နွေစပါး(၃)ဧကစံကွက် ရိတ်သိမ်းပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။


အဆိုပါစံကွက်ရိတ်သိမ်းပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင်၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် မြေစာရင်းဦးစီးဌာနဦးစီးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးမင်းမင်းထွန်းနှင့် ဝန်ထမ်းများ၊ တောင်သူများ တက်ရောက်ခဲ့ကြသည်။ တောင်သူဦးခိုင်ထူး၏ နွေစပါးရတနာတိုး မျိုးစပါးစံကွက်ရိတ်သိမ်းရာတွင် တစ်ဧကအထွက်နှုန်း (၁၁၂)တင်း ထွက်ရှိကြောင်းသိရသည်။


သတင်း - သန်းထွန်းအောင် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment