Pages

Pages

မြောက်ဦးခရိုင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ခရိုင်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်းပြီး လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကျင်းပ


MNP - မေ  ၂၅


ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများမှ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ထမ္မရာဇ်ရပ်ကွက်ရှိ ခရိုင်အထွထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ယမန်နေ့ ယနေ့ နေ့လယ် ၂ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ မြောက်ဦးခရိုင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်မှ သဘာဝဘေးတစ်ခုခု မဖြစ်ပေါ်ခင်အချိန်တွင် သက်ဆိုင်ရာဌာနများမှ ပြည်သူ များကို ကြိုတင်ပြင်ဆင်နိုင်ရန်အတွက် မြို့ပေါ်ရပ်ကွက်များသို့သွားရောက်ပြီး အသိပေးနှိုးဆော် ကြရန်နှင့် နိုင်(၄) မှတ်တမ်း ပြီးစီးရေးအတွက် ဌာနများမှဝိုင်း ဝန်းကူညီဆောင်ရွက်ပေးကြရန် မှာကြားခဲ့သည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး ခင်မောင်စိုးကလည်း မြို့တော်သန့်ရှင်းသာယာလှပရေးအတွက် အပတ်စဉ်အမှိုက်ကောက်ရာတွင် ယခုထက်ပိုမို၍ သန့်ရှင်းသာယာလှပရေးအတွက် အလေးထား လုပ်ဆောင်ကြရန်တို့ကို ပြောကြားခဲ့ပြီးနောက် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး တင်ထူးလှိုင်မှလည်း နိုင်(၄) မှတ်တမ်းစာရင်းတင်သွင်းရာတွင် မိမိတို့ဌာနအလိုက်တာဝန်ယူ ဆောင်ရွက်ရာတွင် မမှားစေရန်နှင့် သတ်မှတ်ထားသော အချိန်အတွင်းပြီးစီးနိုင်ရန်အလေးထား ဆောင်ရွက်ကြရန် တို့ကိုပြောကြားခဲ့သည်။ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှလည်း နိုင်(၄) မှတ်တမ်းဆောင်ရွက်ပြီးစီးမှုတို့ကို ပြောကြားခဲ့ပြီးနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ခရိုင်အဆင့်ဌာနဆိုင်ရာများ ပေါင်းစပ်ဆောင်ရွက်ကြရန် ပြောကြားခဲ့ကြောင်း သိရသည်။


သတင်း - မြင့်စိုး 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment