ကျိုက်ထိုမြို့နယ်ပညာရေးဦးစီးဌာနမှ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေးအလုပ်ရုံ ဆွေးနွေးပွဲ(မြို့နယ်အဆင့်)ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့နယ်ပညာရေးဦးစီးဌာနမှ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေးအလုပ်ရုံ ဆွေးနွေးပွဲ(မြို့နယ်အဆင့်)ပြုလုပ်







MNP ၊ မေ ၁၉

ကျိုက်ထိုမြို့နယ်ပညာရေးဦးစီးဌာနမှ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ(မြို့နယ်အဆင့်)ကိုမေ ၁၉ ရက်နံနက် ၉ နာရီတွင်အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရာပြည့်ခန်းမ၌ဖွင့်လှစ်ခဲ့သည်။

     သင်တန်းဖွင့်ပွဲတွင်မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဝင် ဗိုလ်မှူး ပြည်ထွန်းက ပညာရေးသည်နိုင်ငံအတွက်အရေးကြီးသောအခန်းကဏ္ဍတစ်ရပ်ဖြစ်ပြီးပညာရေးဌာနသည်လူသားအရင်းအမြစ်များ(Human Resource) မွေးထုတ်ပေးရာဌာနလည်းဖြစ် သည် ဆရာဆရာမများ၏အရည်အသွေးမြင့်မားစေရန်စဉ်ဆက်မပြတ်သင်ယူလေ့ လာမှစီမံခန့်ခွဲသူများအနေဖြင့်စွမ်းဆောင် ရည်ပိုမိုမြင့်မားလာမှာဖြစ်၍အလုပ်ရုံဆွေးနွေးပွဲတွင်စိတ်ပါဝင်စားသင်ယူဆွေး နွေးကြရန်ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဒေါ်သင်းသင်းအိကပညာ‌ ရေးဝန်ကြီးဌာန ၏အဓိက ကဏ္ဍကြီး(၃)ရပ်ဖြစ်သည့် စီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်းများ၊ သင်ကြားသင် ယူမှုဆိုင်ရာလုပ်ငန်းများ၊ ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းများအား ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ် (၁၅၇)ဦးတက်ရောက်ကြပြီး နည်းပြ(၅)ဦးမှ မေ ၁၉ ရက်မှ‌ မေ ၂၀ ရက်နေ့ထိ ၂ ရက် ကြာသင်ကြားပို့ချဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်း - ဝင်းမောင်(ကျိုက်ထို)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)