ကျိုက်ထိုမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေတိုက်စားမှုကြောင့် ကျောက်လုံးကွာကျကာ ဆေးမြစ်စုံအရောင်းဆိုင်ခန်းပေါ်သို့ ပိကျ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေတိုက်စားမှုကြောင့် ကျောက်လုံးကွာကျကာ ဆေးမြစ်စုံအရောင်းဆိုင်ခန်းပေါ်သို့ ပိကျ






MNP - မေ   ၂၁


ကျိုက်ထိုမြို့နယ်တွင် မေ(၂၀)ရက်နေ့ ည (၁၁) နာရီ (၂၀) မိနစ် ခန့်တွင် မိုးသည်းထန်စွာ  ရွာသွန်းမှုကြောင့် ကျိုက်ထိုမြို့နယ် ၊ကင်မွန်း ချောင်းကျေးရွာ၊ ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတော်၏ အနောက်မြောက်ဘက်ကိုက် (၃၀၀)ခန့်အကွာ ကျီးပါးစပ်လှိုဏ်ဂူအနီးရှိ ဦးမင်းထိုက် (ဘ)ဦးသက်အုံး၊  ပိုင်ဆိုင်သည့် “စွမ်းထက်” ဆေးမြစ်စုံ အရောင်းဆိုင်၏အပေါ်သို့ (၁၀) ပေခန့်အကွာမှ  ဗျက်(၁၀) ပေခန့်၊  ထု(၇)ပေခန့်ရှိသည့် ကျောက်လုံးမှာ မိုးရေတိုက်စားမှုကြောင့် မြေကြီးမှကွာကျကာ   အလျား (၃၀)ပေ၊ အနံ(၂၀)ပေ၊ အမြင့် (၆)ပေခန့်ရှိ “စွမ်းထက်” ဆေးမြစ်စုံ အရောင်းဆိုင်ခန်း၏ အနောက်ဘက်ခေါင်မိုးပေါ်သို့ ပိကျခဲ့ရာ အလျား(၁၀)ပေ၊ အနံ(၁၀)ပေခန့် သွပ်မိုး၊ သွပ်ကာဆိုင်ခန်းမှာ ပျက်စီးသွားခဲ့ ပြီး ဆုံးရှုံးမှု တန်ဘိုးကျပ်(၁၀၀၀၀၀)ခန့် ဆုံးရှုံးခဲ့ကာ၊ လူ/တိရိစ္ဆာန် ထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်း သိရသည်။


အဆိုပါ ကျောက်လုံးပိကျသည့် နေရာ အား ကျိုက်ထိုမြို့နယ်၊ ရင်ပြင်တော် ရဲကင်း စခန်းမှူး ရဲအုပ် ထွန်းအေး၊ ရင်ပြင်တော် မီးသတ်စခန်းမှ လက်ထောက်ဦးစီးမှူး ဦးအောင်ငြိမ်းနှင့်  အရံမီးသတ်တာဝန်ခံ ဦးသန်းမင်းဦး အဖွဲ့၊ ရင်ပြင်တော် ရာအိမ်မှူး ဦးအောင်စိုးလင်းအဖွဲ့တို့မှ ပူးပေါင်း  ရှင်းလင်းကူညီဆောင်ရွက်လျက်ရှိပြီး “စွမ်းထက်” ဆေးမြစ်စုံအရောင်းဆိုင်တွင် နေထိုင်သည့် ဦးမင်းထိုက်၊ ဇနီးဖြစ်သူ ဒေါ်သန်းသန်းဝင်းနှင့် ကလေး (၂)ဦးတို့မှာ နီးစပ်ရာ ဦးကျော်မင်းဦး၏နေအိမ်တွင် ခေတ္တပြောင်းရွေ့နေထိုင်လျက်ရှိကြောင်း သတင်းရရှိပါသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)