Pages

Pages

ကျောက်တန်းမြို့နယ်တွင် မိုးဦးကျရာသီ ဒေသထွက်ကုန် ငါး၊ ပုဇွန်များပေါများ

 


MNP - မေ   ၂၃


ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ်တွင် မိုးဦးကျရာသီတွင် ငါး၊ ပုဇွန်များ ပေါများကာ ဈေးနှုန်းချိုသာလျက်ရှိပါသည်။ ကျောက်တန်းမြို့နယ်တွင် အဓိကစီးပွားရေးအနေဖြင့်  လယ်ယာလုပ်ငန်းနှင့် တံငါလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြပြီး ယခုနှစ်မိုးဦးရာသီတွင် ငါး၊ ပုဇွန်များ ပေါများကာ စည်ပင်သာယာ မြို့မဈေးအတွင်း ဈေးနှုန်းချိုသာစွာရောင်းချပေးရာ ပြည်သူလူထုအနေဖြင့် ဝယ်ယူစားသုံးမှု အဆင်ပြေလျက်ရှိကြောင်း သိရသည်။


 “အရင်က ပုစွန်၁ပိဿာကို အကောင်ကြီး၁၀၀၀၀/ကျပ်ရှိပြီး  ယခုအခါ ၇၀၀ဝ/ကျပ် ၊ငါးဇင်ရိုင်း ၁ပိသာ ၃၀၀၀/ကျပ် ၊ငါးပြတ် ၁ပိဿာ ၁၀၀၀/ကျပ်၊ ငါးပုတ်သင် ၁ ပိဿာ ၄၀၀၀/ကျပ် ၊ ငါးပုဏ္ဏား ၁ပိဿာ ၇၀၀၀/ကျပ် ဈေးရှိပြီး စားသုံးသူများအနေဖြင့်  ဝယ်ယူစားသုံးရန်ဈေးတန်ကြောင်း” မြို့မဈေးအတွင်း ငါးရောင်းချသူ မအိအိခိုင်ထံမှ သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment