ရန်ကင်းမြို့နယ်တွင် နိကာယ်(၅)ရပ်စာမေးပွဲအား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကင်းမြို့နယ်တွင် နိကာယ်(၅)ရပ်စာမေးပွဲအား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

 




MNP - မေ   ၃၁


ရန်ကင်းမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ နိကာယ်(၅)ရပ်စာမေးပွဲ  အောင်မြင်စွာဖြေဆိုနိုင်ရေးအတွက်  ယနေ့နေ့လယ် ၂:၀၀ အချိန်က အမှတ်(၁၄)ရပ်ကွက်ရှိ မဟာသာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပခဲ့ကြောင်း သိရသည်။


အခမ်းအနားကို နမောတဿ သုံးကြိမ်ညီညာစွာရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး မြို့နယ်သံဃာ့နာယက ဆရာတော်ကြီးများထံမှ သြဝါဒခံယူပြီးနောက် ဆရာတော်သံဃာတော်များနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ဥပတ္ထမ္ဘကအဖွဲ့တို့နှင့် ညှိနှိုင်းဆွေးနွေးပြီး ဗုဒ္ဓသာသနာတော်အဓွန့်ရှည် တည်တံ့ခိုင်မြဲရေးအတွက် ထိုစာမေးပွဲများကို ကျင်းပပေးရခြင်းဖြစ်ပြီး၊ အမျိုး၊ ဘာသာ၊ သာသနာကို သက်ဝင်ယုံကြည်စေရန်နှင့် ဘာသာတရား၏ အဆုံးအမကို နားလည်သိရှိနိုင်စေရန် ရည်ရွယ်၍ ကျင်းပပေးရခြင်းဖြစ်ကြောင်းကို မြို့နယ်သံဃာ့နာယက ဆရာတော်ကြီးများမှ မိန့်ကြားခဲ့ကြောင်း သိရှိရသည်။


ထိုနောက် နိကာယ်(၅)ရပ်စာမေးပွဲအား ရန်ကင်းမြို့နယ်မှ သံဃာတော်နှင့် သီလရှင်(၁၇၇)ပါး ဝင်ရောက်ဖြေဆိုမည်ဖြစ်သဖြင့် အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့ပြီးနောက်  အခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။


သို့ဖြစ်ရာ သံဃာတော်များနှင့် သီလရှင်များ အေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် ကြီးကြပ်ဆရာတော်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ ပရဟိတအဖွဲ့အစည်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရဲတပ်ဖွဲ့ဝင်များဖြင့် စာဖြေသံဃာများအေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှလည်း စာဖြေသံဃာများအတွက် ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။


သတင်း - အိရွှေစင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)