ပေါက်တောမြို့နယ်အတွင်းရှိ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ‌ကျောင်းများရှိ ကျောင်းအပ်နှံခြင်းလုပ်ငန်းများစတင်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်တောမြို့နယ်အတွင်းရှိ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ‌ကျောင်းများရှိ ကျောင်းအပ်နှံခြင်းလုပ်ငန်းများစတင်ဆောင်ရွက်



MNP - မေ   ၂၆


ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်အတွင်းရှိ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တစ်မြို့နယ်လုံးရှိ အ‌‌ခြေခံပညာ ထက်၊ လယ်၊ မူကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများတွင် ကျောင်းသူ/ကျောင်းသားများအား ယမန်နေ့နံနက် (၁၀)နာရီက စတင်၍ ကျောင်းအပ်နှံ လက်ခံပေးလျက်ရှိသည်။


ကျောင်းသား/ကျောင်းသူများ လက်ခံရာတွင် ကျောင်းသားမိဘများက ကိုယ်တိုင်ကိုယ်ကျ လာရောက် အပ်နှံကြပြီး ဆရာ/ဆရာမများက လိုအပ်သည်များကို ဆောင်ရွက်ပေးကြသည်။ ပေါက်တောမြို့နယ်တစ်ခုလုံးရှိ  အ.ထ.က-ပေါက်တောကျောင်းအပါအဝင် အ.ထ. က(၁၀)ကျောင်း၊  အ.ထ.က-ခွဲ(၂၆) ကျောင်း၊ အလယ်တန်းကျောင်း (၁၃)ကျောင်း၊ အလယ်တန်းကျောင်း-ခွဲ (၃၀)ကျောင်း၊ မူလွန် (၃၃)ကျောင်း၊ မူလတန်း (၅၁)ကျောင်း၊ မူလတန်း-ခွဲ (၈) ကျောင်း တို့ အပါအဝင် စုစုပေါင်းကျောင်းပေါင်း (၁၇၀)ကျောင်းနှင့် ဘုန်းတော်ကြီးပညာသင်ကျောင်း (၁၄)ကျောင်း၊ ဒုက္ခသည်စခန်း (၄)ခုတို့တွင် မေလ (၂၆ )ရက်နေ့မှစတင်၍  ဇွန်လ(၁)ရက်နေ့အထိ လက်ခံသွားမည်ဖြစ်ပြီး၊  ကျောင်းအပ်နှံကြသည့် ကျောင်းသူ၊ ကျောင်းသားများအား အခကြေးငွေ တစ်စုံတစ်ရာ ကောက်ခံခြင်းမရှိကြောင်းနှင့် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များနှင့် ကျောင်းအသုံးဆောင်ပစ္စည်းများကို အခမဲ့ ထောက်ပံ့ပေးလျက်ရှိကြောင်း သိရှိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)