ဆူပူအကြမ်းဖက်မှုများတွင် ပါဝင်လုပ်ဆောင်ခြင်းမရှိသော ပြည်သူတစ်ဦးအား အမြန်ဆုံးလွှတ်ပေးနိုင်ရန် အသနားခံ တင်ပြခြင်း (အိတ်ဖွင့်ပေးစာ) - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆူပူအကြမ်းဖက်မှုများတွင် ပါဝင်လုပ်ဆောင်ခြင်းမရှိသော ပြည်သူတစ်ဦးအား အမြန်ဆုံးလွှတ်ပေးနိုင်ရန် အသနားခံ တင်ပြခြင်း (အိတ်ဖွင့်ပေးစာ)


မြန်မာနေရှင်နယ်ပို့မှ ဖော်ပြပေးနိုင်ပါရန် -

ကျွန်မသည် နေပြည်တော်တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းတစ်ဦးဖြစ်ပါသည်။ ကျွန်မ၏ ဖခင်ဖြစ်သူ ဦးမြင့်သန်း အသက် (၅၉)နှစ်အား ၁၅-၂-၂၀၂၂ ရက်နေ့ နံနက်ပိုင်းတွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် နွားထိုးကြီးမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားခြင်းအပေါ် (၃၀-၃-၂၀၂၂) ရက်နေ့တွင် ဗိုလ်ချုပ်မှူးကြီးထံ အသနားခံစား တင်ပြခဲ့ပါသည်။ 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေရေးရာနှင့် တိုင်ကြားစာများဌာနမှ (၂၅-၄-၂၀၂၂) ရက်နေ့ ရက်စွဲပါ စာအမှတ် ၅(၅၁-၀၄)/၆/ကောင်စီရုံး ဖြင့် အသနားခံတင်ပြစာ လက်ခံရရှိကြောင်း ပြန်ကြားခဲ့ပါသည်။

အဆိုပါ ပြန်ကြားစာတွင် ပြည်ထဲရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးပို့ထားပြီး ဖြစ်ကြောင်း ဖော်ပြထားသော်လည်း ယနေ့အချိန်အထိ တစ်စုံတစ်ရာ ဆောင်ရွက်ပေးခြင်းမရှိပါ။ 

ကျွန်မ၏ ဖခင် ဦးမြင့်သန်းသည် တပ်မတော်နှင့် နိုင်ငံတော်အစိုးရအား ဆန့်ကျင်သည့် ကိစ္စရပ်များတွင် ပါဝင်ပတ်သက်ခြင်း မရှိခဲ့ပါ။ ကျွန်မကိုယ်တိုင် နိုင်ငံတော်တာဝန်များကို ထမ်းဆောင်လျက်ရှိပြီး ကျွန်မ၏ ဖခင်မှလည်း နိုင်ငံရေးဆူပူအကြမ်းဖက်မှုများကို အားပေးထောက်ခံခြင်းမရှိသကဲ့သို့ ကိုယ်တိုင်လည်း ပါဝင်လုပ်ဆောင်ခဲ့ခြင်းမရှိပါ။

ကျွန်မအနေဖြင့် ဖခင်ဖြစ်သူအတွက် လွန်စွာစိတ်သောက ရောက်ရပါသဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့် သနားငဲ့ညှာပေးနိုင်ပါရန် လေးစားစွာ တင်ပြခဲ့ခြင်း ဖြစ်ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေရေးရာနှင့် တိုင်ကြားစာများဌာနမှ (၂၅-၄-၂၀၂၂) ရက်နေ့ က သနားခံတင်ပြစာကို လက်ခံရရှိကြောင်းနှင့် ပြည်ထဲရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးပို့ထားကြောင်း ပြောကြားထားသော်လည်း ယနေ့အချိန်ထိ ကျွန်မ၏ ဖခင်မှာ လွတ်မြောက်ခြင်း မရှိပါသဖြင့် ပြည်ထဲရေးဝန်ကြီးဌာနမှ သက်ဆိုင်ရာ တာဝန်ရှိသူများ၊ နွားထိုးကြီးရဲစခန်းမှ တာဝန်ရှိသူများအနေဖြင့် အပြစ်မဲ့ ပြည်သူတစ်ဦး ဘေးဒုက္ခရောက်အောင် မဖန်တီးဘဲ ဥပဒေနှင့်အညီ စိစစ်ပြီး အမြန်ဆုံး လွှတ်ပေးနိုင်ပါရန် လေးစားစွာ အသနားခံ တင်ပြ တောင်းဆိုအပ်ပါသည်။


နေပြည်တော်မှ ဝန်ထမ်းတစ်ဦး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)