တနင်္သာရီတိုင်းဒေသကြီး၏ ၂၀၂၂ ခုနှစ်၊ မိုးရာသီအကြိုစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီး၏ ၂၀၂၂ ခုနှစ်၊ မိုးရာသီအကြိုစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ



MNP - မေ   ၂၃


ပြည်သူများအနေဖြင့် သစ်တောသစ်ပင်များ၏တန်ဖိုးကို အလေးထားသိရှိနားလည်နိုင်စေရေးနှင့်သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ အရိပ်အာဝါသနှင့်မျက်စိပသာဒအကျိုးများရရှိစေရေးတို့ကိုရည်ရွယ်၍ ယနေ့နံနက်(၈)နာရီက တနင်္သာရီ တိုင်းဒေသကြီး၊ ထားဝယ်မြို့၊ နည်းပညာတက္ကသိုလ်ကျောင်းဝင်းအတွင်း၌ ၂၀၂၂ ခုနှစ်၊ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်အားကျင်းပခဲ့ကြောင်းသိရသည်။


ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်ပိုက်ပိုက်အေးနှင့်ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ နည်းပညာတက္ကသိုလ်မှ ဆရာ/ဆရာမများ၊ လူမှုရေးအသင်းအဖွဲ့များ ကသက်မှတ်ထားသောနေရာများတွင် ပျိုးပင်အမျိုးအစား(၁၀)မျိုး စုစုပေါင်းပျိုးပင်(၃၅၀)ပင် အားတပျော်တပါးစုပေါင်းစိုက်ပျိုးပေးခဲ့ကြသည်။


သက်ရှိလောကတည်မြဲဖို့၊ သစ်ပင်စိုက်ပျိုးထိန်းသိမ်းစို့၊ ဇီဝမျိုးစုံကြွယ်ဝဖို့ သဘာဝတောတွေထိန်းသိမ်းစို့၊ သစ်တောသစ်ပင်ကျေးဇူးရှင်ထိန်းသိမ်းကြစို့ထာဝစဉ်၊ ရှင်အောင်စိုက်ပျိုး၊ ကြီးအောင်ပြုစု၊ မြဲအောင်ထိန်းသိမ်း စသည့်ဆောင်ပုဒ်နှင့်အညီ ထားဝယ်နည်းပညာတက္ကသိုလ်ကျောင်းဝင်းအတွင်း မဟော်ဂနီ(၈၀)ပင်၊ ပျဉ်းကတိုး(၇၀)ပင်၊ ဗန်ဒါ(၇၀)ပင်၊ ခရေ(၇၀)ပင်၊ ကံ့ကော်(၁၀)ပင်၊ သစ်ချို(၁၀)ပင်၊ သင်္ကန်း(၁၀)ပင်၊ ငုဝါ(၁၀)ပင်၊ ပိတောက်(၁၀)ပင်၊ ကညင်(၁၀)ပင် စုစုပေါင်းပျိုးပင်(၃၅၀)ပင်အားစိုက်ပျိုးပေးခဲ့ကြောင်းသတင်းရရှိသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)