မောင်တောမြို့၌ မိုးကြိုကာလ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မောင်တောမြို့၌ မိုးကြိုကာလ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပပြုလုပ်








MNP ၊  မေ  ၂၀

ရခိုင်ပြည်နယ် မောင်တောမြို့၌  ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး လှုပ်ရှားမှုအသွင်ဖြင့် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ၊ မောင်တောခရိုင် သစ်တော ဦးစီးဌာနမှ ၂၀၂၂ ခုနှစ်  မိုးကြိုကာလ စုပေါင်း သစ်ပင် စိုက်ပျိုးပွဲတော်က  ယနေ့ နံနက် ၉ နာရီ အချိန်  ရွှေဗဟိုလ်ကျေးရွာ၊  အခြေခံပညာမူလတန်းကျောင်းရှေ့ မောင် တော -အငူမော် ကားလမ်းမ အနီးတွင် ကျင်းပပြုလုပ်ခဲ့ကြသည် ။ 

 အခမ်းအနားတွင် မိုးကြိုကာလ သစ်ပင်စိုက်ပျိုးရန်အတွက် သစ်တောဦးစီးဌာနမှ  ပျိုးပင်များအား တာဝန်ရှိသူ များထံပေးအပ်ပြီး မြို့နယ်  စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဥက္ကဋ္ဌ  ဦးကံထွန်းအောင် ၊ မြို့နယ်စီမံ အုပ် ချုပ်ရေး အဖွဲ့ဝင် ဗိုလ်မှူး တင်ဝင်းထွဋ် ၊ ဦးဦးခင်မောင် နှင့် မြို့နယ်လဝက ဦးစီးမှူး ဦးကျော်ရှိန် ၊မြို့နယ်သစ်တောဦးစီးမှူး ဦးမိုးမြှင့်ဇော် နှင့် ဝန်ထမ်းများ ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ ၊ မီးသတ်တပ်ဖွဲ့ဝင်များ ၊ ရဲတပ်ဖွဲ့ဝင်များ ၊ အမျိုးသမီး ရေးရာအသင်း၊ မိခင် နှင့်ကလေး စောင့် ရှောက်ရေး အသင်း၊  ကရုဏာကွန်ရက်လူမှုကူညီရေးအသင်း   ၊ လူမှုရေးအဖွဲ့ အစည်းများ၊  ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးများ ၊စုစုပေါင်း အင်အား ၁၂၀ ဦးခန့်က   ကျွန်း ၁၀၀ ပင် ၊ ပျဉ်းကတိုး ၁၀၀ ပင်၊ မန်ဂျန်ရှား ၂၅၀ ပင် ၊ ယူကလစ် ၇၅ ပင်  ၊ မဟော်ဂနီ ၇၅ ပင်၊ စုစုပေါင်း ၆၀၀ ပင်အား သတ် မှတ်နေရာ အသီးသီးတွင်   စနစ်တကျ တပျော်တစ်ပါး စိုက်ပျိုးခဲ့ကြသည်။ သစ်ပင်စိုက်ပျိုးပွဲအား သဘာဝ ပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး ၊ ရာသီဥတု ကောင်းမွန်မျှစေရေး ၊ အရိပ်အာဝါသ နှင့် မျက်စိပဿဒ အကျိုးများရရှိစေရေး ၊ သစ်တော သစ်ပင် တန်ဖိုးများကို အများ ပြည်သူ အလေးထားသိရှိစေရန် ရည်ရွယ်၍ ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း သိရသည်။ 


သတင်း - သက်လွင်စိုး 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)