မောင်တောမြို့၌ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးနှိမ်နင်းရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မောင်တောမြို့၌ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးနှိမ်နင်းရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်





MNP ၊  မေ  ၂၀

ရခိုင်ပြည်နယ် မောင်တောမြို့၌ သွေးလွန်တုပ်ကွေး နှင့် ခြင်ကိုက်ခံရခြင်းကြောင့်ဖြစ်ပွားတတ်သည့် အခြား ရောဂါ များ မဖြစ် ပေါ်စေရန်အတွက် ကြိုတင်ကာကွယ်ရေးအနေဖြင့် မြို့နယ်ကျန်းမာရေးဌာနမှဝန်ထမ်းများ NGO အဖွဲ့ များ မှ စေတနာ့ဝန်ထမ်းများ ပူးပေါင်းကာ ယနေ့ နံနက် ၈ နာရီအချိန်က  ဌာနဆိုင်ရာရုံးများ သွား ရောက်ကာ အဘိတ်ဆေး များခပ် ပေးခြင်း၊ ကျန်းမာရေး အသိပညာပေး ခြင်းများကို ကွင်းဆင်း ဆောင် ရွက်ပေး ခဲ့ ကြောင်း သိရသည်။

ထို့သို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ ကျန်းမာရေးလုပ်သားများ အရန် သားဖွား ဆရာမများ၊ ကျန်းမာရေးလုပ်သားများ ၊ INGOs ဝန်ထမ်များ ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ၊ အမျိုး သမီး ရေးရာအဖွဲ့ဝင်များ ၊ ကရုဏာကွန် ယက် အဖွဲ့ နှင့် ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ဌာနဆိုင်ရာ ရုံး များအား သွားရောက်ကာ ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ် ပေးခြင်း၊ မလှဲမသွန်နိုင်သော နေရာများကို အဘိတ်ဆေးများ ခပ်ပေးခြင်း၊ ခြင်ခိုအောင်း ပေါက်ပွား နိုင်သော ရေ လှောင်ကန်များ၊ ရေစည် များ၊ ရေတွင်း၊ ရေကန်များ ထဲသို့ ပိုးလောက် လန်းသေ အဘိတ်ဆေးများ ခပ်ပေး ခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း တို့ကို ဆောင်ရွက် ပေးခဲ့ ကြပြီး အဆိုပါ သွေးလွန်တုပ်ကွေးရောဂါကြိုတင် ကာကွယ်ရေးနှိမ်နင်းရေး လုပ်ငန်းများအား ဆက်လက် ကွင်း ဆင်း ဆောင် ရွက်သွား မည်ဖြစ် ကြောင်း သိရသည်။ 


သတင်း - သက်လွင်စိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)