(၃၅)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၃၅)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ




MNP ၊ မေ ၂၀ 

(၃၅)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားနှင့် ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးပွဲ အခမ်းအနားများ အောင်မြင်စွာကျင်းပနိုင်ရေး ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေ(၂၀)ရက် မွန်းလွဲ(၁)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ညှိနှိုင်းအစည်းအဝေးတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်းက ၂၀၂၂ခုနှစ် ဇွန်လ(၂၆)ရက်နေ့ တွင်ကျရောက်မည့် (၃၅)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားနှင့် ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးပွဲ အခမ်းအနားများကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ယခုလို အကြိုလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပရခြင်းဖြစ်ကြောင်း၊ ရှမ်းပြည်နယ်အတွင်း ဖျက်ဆီးခဲ့သည့် မူးယစ်ဆေးဝါးများကို နှစ်အလိုက် နှိုင်းယှဉ်ကြည့်ပါက ၂၀၁၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၈၂သန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကိုလည်းကောင်း၊ ၂၀၁၆ခုနှစ်တွင် အမေရိကန်ဒေါ်လာ (၃၁)သန်းကျော်၊ ၂၀၁၇ခုနှစ်တွင် အမေရိကန်ဒေါ်လာ(၁၄၃)သန်းကျော်၊ ၂၀၁၈ ခုနှစ်တွင် အမေရိကန်ဒေါ်လာ (၁၀၉)သန်းကျော်၊ ၂၀၁၉ ခုနှစ်တွင် အမေရိကန်ဒေါ်လာ (၁၅၀)သန်းကျော်၊ ၂၀၂၀ ခုနှစ်တွင် အမေရိကန်ဒေါ်လာ (၆၅၁)သန်းကျော်၊ ၂၀၂၁ ခုနှစ်တွင် အမေရိကန်ဒေါ်လာ (၃၅၁.၅၃၇၈) သန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကိုလည်းကောင်း အသီးသီးဖျက်ဆီးနိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဇွန်လ(၂၆)ရက်နေ့မှာ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးပွဲအခမ်းအနားကို ယခင်နှစ်များနည်းတူ အောင်မြင်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အောင်မြင်စွာကျင်းပနိုင်ရန် သက်ဆိုင်ရာဌာနဆိုင်ရာများပါဝင်သည့် ဆပ်ကော်မတီ အသီးသီးကိုလည်း ဖွဲ့စည်းတာဝန်ပေးအပ်ထားပြီးဖြစ်၍ ဆပ်ကော်မတီအသီးသီးကလည်း အခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ယခုလို လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် လိုအပ်ချက်များ အကြံပြုချက်များ၊ ယခင်နှစ်များကအားနည်းချက် အားသာချက်များကို အသီးသီးဆွေးနွေးပေးကြရန် ပြောကြားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ အန္တရာယ်တားဆီး ကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦး၊ အတွင်းရေးမှူး ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်တင်ကိုကိုတို့က ဆွေးနွေးတင်ပြကြပြီး အခမ်းအနားဖြစ်မြောက်ရေးအတွက် တက်ရောက်လာသည့် ဌာနဆိုင်ရာဆပ်ကော်မတီအသီးသီးမှ လုပ်ငန်းတာဝန်အလိုက် ဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်စွက်မှာကြားဆွေးနွေးပြီး နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရသည်။


သတင်း - မောင်မောင်သန်း(တောင်ကြီး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)