လေးမျက်နှာမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လေးမျက်နှာမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကျင်းပ



MNP -  မေ   ၃၁


ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် ဘိုးဘွားများအား ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ်အတွက် လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်း၌ မြို့နယ်အထွေထွေအုပ်ချူပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ခြင်းကိစ္စရပ်များနှင့်ပတ်သက်၍ မြို့နယ်လူမှုဝန်ထမ်းရုံးမှ ဦးစီးအရာရှိဒေါ်စန်းစန်းဝင်းက လူမှုရေးပင်စင်များကို အသက်(၈၅)နှစ်အထက် ဘိုးဘွားများအား ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပထမသုံးလပတ်အတွက် ထောက်ပံ့ပေးအပ်ခြင်း ဖြစ်ကြောင်း၊ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချူပ်ရေးမှူးများက ရပ်ကွက်ကျေးရွာအတွင်းရှိ သက်ကြီးဘိုးဘွားများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးပါရန် ပြောကြားသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဆိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိသားစု စည်းရုံးရေးနှင့်စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်ချောစုခိုင်နှင့်အဖွဲ့ဝင် ဒေါ်ဇာခြည်လင်း၊ မြို့နယ်လူမှုဝန်ထမ်းရုံးမှ ဦးစီအရာရှိ ဒေါ်စန်းစန်းဝင်းတို့မှ ရပ်ကွက်ကျေးရွာအုပ်ချူပ်ရေးမှူးများအား ထောက်ပံ့ကြေးငွေလွှဲပြောင်း ပေးအပ်ကြသည်။ လူမှုရေးပင်စင်များကို အသက်(၈၅)နှစ်အထက် ဘိုးဘွားတစ်ဦးလျှင် ငွေကျပ်(၃၀၀၀၀)နှုန်းဖြင့် ဘိုးဘွား(၉၂၉)ဦးအား ငွေကျပ် (၂၇၈၇၀၀၀၀) သိန်းကို ရပ်ကွက်/ကျေးရွာ အုပ်ချူပ်ရေးမှူးများမှတစ်ဆင့် ထောက်ပံ့ ပေးအပ်ခြင်းဖြစ်သည်။


အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဆိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိသားစု စည်းရုံးရေးနှင့်စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်ချောစုခိုင်နှင့် အဖွဲ့ဝင်ဒေါ်ဇာခြည်လင်း၊ မြို့နယ်လူမှုဝန်ထမ်းရုံးမှ ဦးစီအရာရှိဒေါ်စန်းစန်းဝင်းနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချူပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။


သတင်း - ကျော်ဟိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)