ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး ဆီဆိုင်မြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး ဆီဆိုင်မြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး



MNP ၊ မေ၂၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး၊ အတွင်းရေးမှူး ဦးတင်ထူးမောင်နှင့် ဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးညီညီလွင် တို့သည် ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။


ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးခွန်ရဲထွေး၊ အတွင်းရေးမှူး ဦးတင်ထူးမောင်နှင့်ဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးညီညီလွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးအရာရှိ ဦးနေလင်းဦးနှင့်ဝန်ထမ်းများတို့သည် လွယ်ပွတ်ကျေးရွာအုပ်စု၊ ပုံးလောင်းကျေးရွာ အခြေခံမူလတန်းကျောင်း(ခွဲ)နှင့် တူးကျန့်ကျေးရွာ အခြေခံမူလတန်းကျောင်းဝန်းအတွင်း အရိပ်ရရှိရေးနှင့် စိမ်းလန်းစိုပြေရေးအတွက် ဆရာ/ဆရာမများ၊ ကျေးရွာနေ ပြည်သူများနှင့်အတူ ခါတော်မီ၊ စိန်ပန်းနီ၊ စိန်ပန်းပြာနှင့် မာတာကွက်စသည့် ပျိုးပင်ပေါင်း (၁၂၅)ပင်တို့ကို စိုက်ပျိုးပေးခဲ့ပြီး ကျောင်းဝန်းအတွင်း လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။


ဆက်လက်၍ မောက်မယ်နယ်စပ် ပွန်ချောင်းတံတားအနီးရှိ မီးရထားလမ်းကူးတံတားအား လည်းကောင်း၊ ဘန့်ဗွီးကျေးရွာအုပ်စုရှိ ဆော့ဆား-နောင်တဘန်လမ်းပိုင်းအားလည်းကောင်း ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး နောင်တဘန်ကျေးရွာဘုန်းတော်ကြီးကျောင်း၌ သံဃာတော်(၉)ပါး အား လှူဖွယ်ဝတ္ထုများဖြင့်ဆက်ကပ်လှူဒါန်း၍ ကျေးရွာရပ်မိရပ်ဖများနှင့်တွေ့ဆုံသည်။ ထို့နောက် နောင်ဘန်ရေကန်အားလည်းကောင်း၊ နားစေးစောက်ကျေးရွာတံတားပျက်စီးနေမှုအား လည်း ကောင်း၊ နားသံကျေးရွာအုပ်စု၊ ပချားကလို့ကျေးရွာ ဘောလုံးကွင်းပြုလုပ်နေမှုအား လည်းကောင်း ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။


သတင်း - မျိုးမြတ်(ဆီဆိုင်)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)