လွိုင်လင်မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လွိုင်လင်မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပ

 



MNP - မေ   ၂၆


ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်မြို့၌ ကျောင်းအပ်နှံရေးနေ့အခမ်းကို ယနေ့နံနက်(၉)နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း (နဝဒေး)ခန်းတွင် ကျင်းပသည်။


အခမ်းအနားတွင်အစီအစဉ်အရ ရှေးဦးစွာ လွိုင်လင်ခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးထက်မြက်အောင်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်ပညာရေးမှူး ဦးသန်းစိုးက ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ဌာနဆိုင်ရာများ၊ မိဘဆရာအသင်းများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် အလှူရှင်များက ကျောင်းသုံးစာရေးကိရိယာများလှူဒါန်းကြရာ လွိုင်လင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းထွဋ်မှ လက်သန့်ဆေးရည် ဂါလံ(၅၀)ပါပေပါ(၁)လုံး၊ ပါးစပ်နှာခေါင်းစည်း( Mask ) အခုရေ ၂၀၀၀၊ Hand Gel ၂၁ ဘူး ကိုလည်းကောင်း၊ မြို့နယ် ပညာ/ ကျန်းမာကော်မတီမှ ဦးသောင်းက အလှူငွေ ကျပ်နှစ်သိန်းကိုလည်းကောင်း၊ ဦးတင်ဦး + ဒေါ်နန်းဝါဝါခိုင်၊ ဒေါ်နွဲ့နွဲ့ဝေ၊ ဒေါ်စုစုဟန် မိသားစုများမှ အလှူငွေကျပ် နှစ်သိန်းကိုလည်းကောင်း၊ ပေးအပ်လှူဒါန်းရာ ြမ်ု့နယ်ပညာရေးမှူး ဦးသန်းစိုးမှ လက်ခံရယူပါသည်။ ဆက်လက်၍ သီးခြားအလှူရှင်များက ဗလာစာအုပ် (၄၀)ဒါဇင်၊ ခဲတံ (၁၀)ဒါဇင်၊ ဘောလ်ပင်(၃၀)ဒါဇင်နှင့် ရုံးသုံးစက္ကူ(A-4) တစ်ဖာတို့ကို ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူကြပြီးနောက် အခမ်းအနားကို ရုတ်သိမ်းလိုက်သည်။


လွိုင်လင်မြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း(၁၄၉)ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း(၂)ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း(၂)ကျောင်းရှိရာယခုနှစ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးသီတင်းပတ်ဆောင်ပုဒ်မှာ “ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဖြစ်ကြောင်း သိရသည်။


သတင်း - လွိုင်လင်မိုး


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)