ဘားအံပညာရေးဒီဂရီကောလိပ်၌ ပထမ(ဒုတိယနှစ်ဝက်)နှင့် ပထမနှစ်(ပထမနှစ်ဝက်)သင်တန်း ကျောင်းသားကျောင်းသူများအား ကြိုဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘားအံပညာရေးဒီဂရီကောလိပ်၌ ပထမ(ဒုတိယနှစ်ဝက်)နှင့် ပထမနှစ်(ပထမနှစ်ဝက်)သင်တန်း ကျောင်းသားကျောင်းသူများအား ကြိုဆို







MNP - မေ   ၁၉


ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ ဘားအံပညာရေးဒီဂရီကောလိပ်၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပထမ(ဒုတိယနှစ်ဝက်)နှင့် ပထမနှစ်(ပထမနှစ်ဝက်)သင်တန်း ကျောင်းသား ကျောင်းသူများအားကြိုဆိုသည့် အခမ်းအနားကို မေလ ၁၉ ရက်နေ့ နံနက် ၈ နာရီခန့်က အဆိုပါ ဒီဂရီကောလိပ်သီရိခန်းမ၌ ကျင်းပသည်။


ကျောင်းသား၊ကျောင်းသူများအား ကြိုဆိုပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ယခုဖွင့်လှစ်သော လေးနှစ်သင်ပညာရေးဒီဂရီကောလိပ်သင်တန်းများကို တက်ရောက်လာကြသော မောင်မယ်သစ်လွင် ကျောင်းသား၊ကျောင်းသူများကို ဝမ်းမြောက်ဝမ်းသာကြိုဆိုပါကြောင်း၊ ကျောင်းသား၊ကျောင်းသူများ၏ လုံခြုံရေး၊ နေထိုင်စားသောက်ရေး၊ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေးစသည်ဖြင့် အစစအရာရာအတွက် စနစ်တကျစီမံဆောင်ရွက်ပေးရန် ညွှန်ကြား ထားပြီးဖြစ်ကြောင်း၊ မိမိတို့ပြည်နယ်၏ ပညာရေးဖွံ့ဖြိုးတိုးတက်မှု၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုများကို ဖော်ဆောင်နိုင်ရန် သင်တန်းတွင် ကြိုးစားသင်ယူကြရန်လိုပြီး လက်တွေ့ဘဝနှင့်ပေါင်းစပ်သင်ယူနိုင်သော၊ စဉ်းစားတွေးခေါ်သင်ကြားပို့ချပေးနိုင်သော ဆရာ၊ ဆရာမကောင်းများဖြစ်အောင် ကြိုးစားကြစေလိုကြောင်းပြောကြားသည်။


ထို့နောက် ဘားအံပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီးက ကြိုဆိုနှုတ်ခွန်းဆက်ခြင်းနှင့် သင်တန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းပြောကြားပြီး ကျောင်းသား၊ ကျောင်းသူများက တေး သီချင်းများ၊ အကအလှများဖြင့် သီဆိုကပြဖျော်ဖြေကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တက်ရောက် လာသူများက ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ သည်။


ဘားအံပညာရေးဒီဂရီကောလိပ်တွင် ၂၀၂၀ ပြည့်နှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့ကြသော ပထမနှစ်(ပထမနှစ်ဝက်) ကျောင်းသားကျောင်းသူ ၈၀ ဦး၊ ပထမနှစ်(ဒုတိယနှစ်ဝက်) ၅၉ ဦး စုစုပေါင်း(၁၃၉)ဦး တက်ရောက်လျက်ရှိပြီး မကြာခင်ကာလတွင်လည်း ကျောင်းသား၊ကျောင်းသူအသစ်များကို ထပ်မံဖြည့်တင်းလက်ခံ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်းရသည်။


သတင်း - စောမျိုးမင်းသိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)